DVB Logo
Home
မြန်မာသတင်း
ကရင္ကျပား ၾသစေတးလ် ရုပ်ရှင်မင်းသမီးကို ကရင်အနုပညာရှင်များ ကြိုဆိုပွဲလုပ်
DVB
·
December 22, 2015
ကရင်ကပြား သြစတေးလျ ရုပ်ရှင်မင်းသမီးကို ကရင်အနုပညာရှင်များ ကြိုဆိုပွဲလုပ်
1 / 6
Donate to DVB

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကရင်ကပြား သြစတေးလျ ရုပ်ရှင်မင်းသမီးကို ကရင်အနုပညာရှင်တွေက ဒီကနေ့ ညနေမှာ ကြိုပွဲပြုလုပ်ခဲ့ပါတယ်။

ကရင်ကပြား သြစလေးလျ ရုပ်ရှင်မင်းသမီးကို တက်စနီးမ်ရော့ခ် (Tasneem Roc)ကို ကရင်အနုပညာရှင်တွေက ရန်ကုန်မြို့ ကြည့်မြင်တိုင်အောက်လမ်း အမှတ် ၅၂၄ ၉ ထပ်မှာ တွေ့ဆုံဂုဏ်ပြုပွဲ လုပ်ဆောင်တာလို့ ကရင်အနုပညာရှင်တဦးဖြစ်တဲ့ စောဟက်ကက်က ပြောပါတယ်။
“သူဟာ ကျနော်တို့ ကရင်တိုင်းရင်းသားထဲက တမျိုးဖြစ်တဲ့ ပိုးကရင်သွေးလေးပါပြီးတော့ သြစီ မှာ အောင်မြင်တဲ့သူ တယောက်ဖြစ်လို့ ကျနော်တို့ ဂုဏ်ပြုတဲ့သဘောလည်းပါသလို အနုပညာသမား တဦးဖြစ်နေတဲ့အတွက် ကျနော်တို့ မြန်မာနိုင်ငံကို ရောက်တုန်းရောက်ခိုက် ကျနော်တို့က နွေးထွေးတဲ့ ကြိုဆိုမှုလုပ်တဲ့သဘောပါပဲ။ တယောက်နဲ့တယောက် ချစ်ခြင်းမေတ္တာ ပြတဲ့ အကြောင်းအရာလေးပါပဲ။”

ထက်စနီးမ်ရောခ်ဟာ ပိုးကရင် နဲ့ စကောတလန် ပေါင်းစပ် ကရင်ကပြားဖြစ်ပြီး ပြီးခဲ့တဲ့တပတ်က သူ့ဖမ်ခင်မွေးရပ်ဖြစ်တဲ့ ဧရာဝတီတိုင်း မြောင်းမြမြို့ကို ပြန်လာလည်တာဖြစ်ပါတယ်။

သူ့ဖခင်ဇာတိ မြောင်းမြမြို့အပြင် ကရင်ပြည်နယ် ဘားအံမြို့ကိုလည်း သွားရောက်လည်ပတ်ဖို့ စီစဉ်ထားသူ ဖြစ်ပါတယ်။

ထက်စနီးမ်ရောခ်ဟာ ရုပ်ရှင်ဇာတ်ကားပေါင်း ၇ ကားနဲ့ တီဗွီဇာတ်လမ်းတွဲပေါင်း ၁၁ ခုကို ပါဝင်သရုပ်ဆောင်ခဲ့ပြီး အဲဒီထဲက East Weast 101 တီဗွီစီးရီမှာ ဆုတွေ အများကြီး ဆုခူးရရှိခဲ့သူဖြစ်ပါတယ်။

ထက်စနီးမ်ရောခ်ဟာ သြစတေးလျနိုင်ငံဖွားဖြစ်ပြီး အသက် ၃၇ နှစ် အရွယ်ရှိတဲ့ မင်းသမီးဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ ကရင်ဖခင်နဲ့ စကော့လူမျိုးမိခင်တို့ နှစ်ပေါင်း ၄၀ ကျော်က ဆုံတွေ့ခဲ့တဲ့ ဆစ်ဒနီတက္ကသိုလ်မှာ အင်္ဂလိပ်စာ နဲ့ အနုပညာသမိုင်း ဘွဲ့ရရှိခဲ့သူဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013