DVB Logo
Home
မြန်မာသတင်း
စစ်အစိုးရ အလိုမရှိဟု တက္ကသိုလ်ရှေ့ရေးသားခဲ့သူ ၃ ဦး ထောင်မှ ပြန်လွတ်
DVB
·
December 22, 2015
စစ်အစိုးရ အလိုမရှိဟု တက္ကသိုလ်ရှေ့ရေးသားခဲ့သူ ၃ ဦး ထောင်မှ ပြန်လွတ်
Donate to DVB

မန္တလေး ရတနာပုံတက္ကသိုလ်ရှေ့မှာ စစ်အစိုးရကျဆုံပါစေဆိုတဲ့ စာသားရေးသားခဲ့မှုနဲ့ တရားစွဲဆိုထောင်ချခံရတဲ့ ရတနာပုံတက္ကသိုလ်ကျောင်းသား ၃ ဦးဒီကနေ့ အိုးဘိုထောင်ကနေ လွတ်မြောက်လာပါတယ်။

လွတ်မြောက်လာသူတွေကတော့ အောင်ဆန်းဦး၊ ကိုဥာဏ်လင်းထက်နဲ့ ဂျစ်တူးတို့ ၃ ဦး လွတ်မြောက်လာတာဖြစ်ပါတယ်။

ပြန်လည်လွတ်မြောက်မှုအပေါ် ကိုဥာဏ်လင်းထက်က “ကျနော်တို့က စစ်အစိုးရအလိုမရှိလို့ ပြောခဲ့တယ်။ ဒါပေမယ့် သူတို့က အခုလောလောဆယ် ဒီမိုကရေစီအစိုးရလား၊ စစ်အစိုးရ လားဆိုတာ သူတို့ကိုယ်တိုက် ဒီမိုကရေစီလို့ ဟစ်ကြွေးပြီးတော့ တရားရုံးမှာ စစ်အစိုးရ ဟုတ်ပါတယ်။ သူတို့ကိုယ်တိုင် ပြန်ထွက်ဆိုသွားတယ်။ သူတို့က စစ်အစိုးရေ၇းလို့ ဆိုပြီးတော့ ကျနော်တို့ကို ထောင်ချတယ်ဗျာ။ အဲတော့ သူတို့ကိုယ်တိုင်ကိုက စစ်အစိုးရလို့ ၀န်ခံနေတယ်။ ”

ပြန်လွတ်လာတဲ့ အောင်ဆန်းဦး၊ ကိုဥာဏ်လင်းထက်နဲ့ ဂျစ်တူးတို့ ၃ ဦးအပါဝင် ကျောင်းသား ၇ ဦးဟာ ရတနာပုံတက္ကသိုလ်ကျောင်းရှေ့မှာ အကြမ်းမဖက်ရေး၊ စစ်အစိုးရ အလိုမရှိစတဲ့စာသား တွေကို ရေးသားခဲ့မှုနဲ့ တရားစွဲဆိုခဲ့ရတာဖြစ်ပါတယ်။

သူတို့ ၃ ဦးနဲ့ ကိုနိုင်ရဲဝေဆိုသူတို့ကို ဇူလိုင်လ ၁ ရက်နေ့က ဖမ်းဆီခဲ့ပြီး ကျန် ၃ ဦးက တော့ ဒီကနေ့အထိ ထွက်ပြေးတိမ်းရှောင်နေပါတယ်။

ဖမ်းဆီးခံရသူတွေကို ငြိမ်းစုစီ ပုဒ်မ ၁၈၊ ပုဒ်မ ၁၄၃ (ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတွင် ပါဝင်မှု)၊ ပုဒ်မ ၁၄၇ (ရုန်းရင်းဆန်ခတ်မှု)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့နဲ့ တရားစွဲဆိုခံရခဲ့ပြီး အောက်တိုဘာလ ၉ ရက်နေ့မှာ အမှု ၃ ခုနဲ့ တပေါင်းတည်ကျခံစေဆိုပြီး ၆ လ ထောင်ချမှတ်ခံရတာဖြစ်ပါတယ်။

“ပုဒ်မက အားလုံးပေါင်း ၄ ခုပေါ့။ ၁၈ ရယ်၊ ၁၄၃၊ ၁၄၇ ရယ် ၅၀၅ (ခ) ရယ်ဗျာ။ စွဲချက်တင်တော့ လည်း အဲဒီအမှုနဲ့ပဲဗျာ။ အမိန့်ချတဲ့အခါကျတော့ ၁၄၇ ပြုတ်သွားတယ်ဗျာ။ ၁၈ ကို ၃ လချပြီးတော့ ရယ်၊ ၁၃၄ ကို ၃ လ၊ ပြီးတော့ ၅၀၅ (ခ)ကို ၆ လ အဲဒါကို တပေါင်းတည်းကျခံစေဆိုပြီး ကျနော်တို့ ၆ လပဲကျခံရတာပါ။ ချုပ်ရက်က ၃ လနဲ့ ၉ ရက် ချုပ်ရပ်ပါလျော့ပေးလိုက်တာ။” လို့ လွတ်မြောက်လာသူ ကိုဉာဏ်လင်းထက်က ပြောပါတယ်။

အမှုတခုထဲ စွဲဆိုခံရတဲ့ ကိုနိုင်ရဲဝေတော့ နောက်ထပ် ပုဒ်မ ၁၈ နဲ့ သီးသန့်တမှု စွဲဆိုခံခဲ့ရတဲ့အ တွက် ပြန်မလွတ်လာသေးဘူးလို့လည်း ကိုဉာဏ်လင်းထက်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013