DVB Logo
Home
မြန်မာသတင်း
ကျေးရွာ ၃၀၀၀ ခန့်အတွက် သစ်တောမြေဧက ၅ သိန်းကျော်ကို ပယ်ဖျက်ပေးခဲ့
DVB
·
December 22, 2015
ကျေးရွာ ၃၀၀၀ ခန့်အတွက် သစ်တောမြေဧက ၅ သိန်းကျော်ကို ပယ်ဖျက်ပေးခဲ့
Donate to DVB

နိုင်ငံတ၀န်းက သစ်တ်ေကြိုးဝိုင်းနဲ့ ကြိုးပြင်ကာကွယ်တောတွေ၊ သစ်တောနယ်မြေတွေထဲမှာ နှစ်ရှည်ကြာ နေထိုင်ကြခဲ့ကြတဲ့ ရွာပေါင်း ၂၈၀၀ ကျော်အတွက် သစ်တောမြေ ဧက ၅ သိန်းကျော်ကို စိစစ်ပယ်ဖျက်ပေးခဲ့တယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ သက်သက်ဇင်က ပြောပါတယ်။

ဒီဇင်ဘာ ၂၁ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။ သစ်တောနယ်မြေတွေမှာ နှစ်ကာလအတိုင်းအတာတစ်ခုအထိ ကျူးကျော်အခြေချနေထိုင်တဲ့ ရွာစုနဲ့ အိမ်ထောင်စုတွေအတွက် သစ်တောမြေအဖြစ်က ပယ်ဖျက်နိုင်ရေး တိုင်းနဲ့ ပြည်နယ်အဆင့်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့နဲ့ ၂၀၁၃ ခုနှစ်မှာ စာရင်းကောက်ယူခဲ့တယ်လို့ သူက ဆိုပါတယ်။

ပြီးတော့ သစ်တောနယ်မြေထဲမှာ လာမနေပေမယ့် ပ်ြငပက ကျူးကကျော်လုပ်ကိုင်သူတွေရဲ့ လယ်မြေ၊ သာသနာပိုင်၊ အများပိုင်မြေတွေကိုလည်း စိစစ်ပယ်ဖျက်ပေးသွားမယ်လို့လည်း သူက ပြောပါတယ်။

နေပြည်တော်ကောင်စီနယ်မြေထဲမှာတော့ လတ်တလောကျူးကျော်သူတွေသာ များတဲ့အတွက် ၁၀ နှစ်အထက်နေထိုင်သူတွေကိုပဲ စဉ်းစားသွားမယ်လို့ ညှိနှိုင်းအစည်းအဝေးက ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒါကြောင့် မြေယာကျူးကျော်မှု ၂၅၀ လောက်ကို တရားစွဲဆို အရေးယူခဲ့တယ်လို့လည်း ၀န်ကြီးက ပြောပါတယ်။

ဒါပေမယ့် သစ်တောမြေထဲက လယ်မြေဧက ၃ သောင်းလောက်ကိုတော့ စာရင်းကောက်ယူ ထားပြီး သက်ဆိုင်ရာအဆင့်ဆင့်က ခွင့်ပြုချက်ရရင် သစ်တောမြေအဖြစ်က ပယ်ဖျက်ပေး သွားမယ်လို့လည်း ၀န်ကြီးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013