DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် အလွန်အကျွံတူးဖော်နေမှု ရှင်းလင်းရန် သမ္မတထံ လွှတ်တော်က တောင်းဆို
DVB
·
December 21, 2015
ဖားကန့်တွင် အလွန်အကျွံတူးဖော်နေမှု ရှင်းလင်းရန် သမ္မတထံ လွှတ်တော်က တောင်းဆို
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မှာ မြေစာတောင်ပြိုကျမှုတွေကြောင့် လူသေဆုံးမှုတွေနဲ့ လတ်တလော စွမ်းအားကြီးစက်ယန္တရားတွေ၊ မြေသယ်ယာဉ်ကြီးတွေအသုံးပြုပြီး အလွန်အကျွံတူးဖော်နေတဲ့ ကိစ္စကို အမြန်ရှင်းလင်းစီမံဆောင်ရွက်ဖို့ လွှတ်တော်နာယက သူရဦးရွှေမန်းက ပြည်ထောင်စု အစိုးရကို သ၀ဏ်လွှာပေးပို့ပါတယ်။

အစိုးရအဖွဲ့အနေနဲ့ ဒီကိစ္စနှစ်ခုကို လွှတ်တော်အစည်းအဝေးမှာ အမြန်ဆုံးရှင်းလင်းသင့်ကြောင်း သာပေါင်းမဲဆန္ဒနယ်က ဦးဝင်းသန်းက ပေးပို့တဲ့အရေးကြီးအဆို ဖြစ်ပါတယ်။

ဒေသခံတွေနဲ့လူထုအကြား စိုးရိမ်ပူပန်မှု၊ အထင်လွဲနေကြသလို သတင်းမီဒီယာတွေမှာလည်း အမျိုးမျိုးဝေဖန်နေကြတာကြောင့် နိုင်ငံဂုဏ်ထိခိုက်စေတယ်လို့ သုံးသပ်တဲ့အတွက် လွှတ်တော် အစည်းအဝေးမှာ အဆိုတင်သွင်းဆွေးနွေးခြင်းမပြုဘဲ ပြည်ထောင်စုအစိုးရ အဖွဲ့ကိုယ်စား သက်ဆိုင်ရာပြည်ထောင်စုအဆင့် ဌာနအဖွဲ့အစည်းတွေက လွှတ်တော်အစည်းအဝေးကို အမြန်ရှင်းလင်းတင်ပြဖို့ သ၀ဏ်လွှာပေးပို့ခဲ့တာဖြစ်ပါတယ်။

ဖားကန့်မှာ ဒီနှစ်ထဲ မြေစာပုံပြိုကျမှုတွေ ၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက် ဆွတ်အောင်ရွာက စုပေါင်းမြေစာပုံပြိုကျမှုမှာတော့ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။
မနှစ်တုန်းက မြန်မာပြည်ကနေ တန်ဖိုးအမေရိကန်ဒေါ်လာ သန်း ၃၁၀၀ ဖိုးအထိ ကျောက်စိမ်း ထုတ်လုပ်မှုရှိပြီး တရုတ်နိုင်ငံတွင်း တရားမ၀င်လမ်းကြောင်းကနေ ၀င်ရောက်သွားတယ်လို့ ကဘာ့သယံဇာတထုတ်လုပ်မှုကို စောင့်ကြည့်တဲ့ Global Witness အဖွဲ့က လွန်ခဲ့တဲ့လပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

ဖားကန့်ဒေသ ဧကပေါင်း ၂ သောင်းဝန်းကျင်မှာ ကျောက်တူးဖော်ရေးလုပ်ငန်းပေါင်း ၆၀၀ ခန့် လုပ်ကိုင်နေကြပါတယ်။

မကြာသေးခင်က ကချင်ပြည်နယ်အတွင်း နံပတ်မပါတဲ့ မြေသယ်ယာဉ်တွေ တရုတ်နိုင်ငံ ဘက်ကနေ ရာပေါင်းများစွာ ၀င်ရောက်လာမှုနဲ့ပတ်သက်လို့ တရားမ၀င် ဆောင်ရွက်ချက်အဖြစ် ရေးသားမှုတွေ ရှိခဲ့ပါတယ်။

ဒီဗီဘီက သတ္တုတွင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်ကို မေးမြန်းစဉ်က ဖားကန့်မှာ ကျောက်မျက်တူးဖော်ဖို့ ရောက်ရှိနေတဲ့ စက်ယန္တရားကြီးတွေဟာ တရားဝင် ရောက်လာတာ မဖြစ်နိုင်ဘူးလို့ ဖြေဆိုခဲ့ပါတယ်။

ဒီသတင်းကျယ်ပြန့်လာအပြီးမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ကချင်ပြည်နယ် ကန်ပိုက်တီး နယ်စပ်ဒေသကနေ ၀င်ရောက်နေတဲ့ ယာဉ်နဲ့ ယာဉ်ယန္တရားတွေဟာ တရားဝင် တင်သွင်းခွင့် ပြုထားတာ ဖြစ်ကြောင်းနဲ့ ယာဉ်၊ ယန္တရားအစီးရေ ၈၈၀ ကို တရားဝင် တင်သွင်းခွင့် ပြုထားတယ်လို့ ရှင်းလင်းခဲ့ပါတယ်။ မနေ့ကတော့ အစိုးရကဖွဲ့တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ အဲ့ဒီနေရာကို သွားရောက်စစ်ဆေးနေကြပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013