DVB Logo
Home
မြန်မာသတင်း
ထိုင်းက မြန်မာကို သကြားနှင့်ကုန်ပစ္စည်း ၁ လ ဘတ်သန်း ၁၀၀၀ ဖိုးအထိ တင်ပို့
DVB
·
December 20, 2015
ထိုင်းက မြန်မာကို သကြားနှင့်ကုန်ပစ္စည်း ၁ လ ဘတ်သန်း ၁၀၀၀ ဖိုးအထိ တင်ပို့
1 / 3
Donate to DVB

ထိုင်းနိုင်ငံကနေ စားသောက်ကုန် သကြားအပါအ၀င် တခြားကုန်ပစ္စည်းတွေ မြန်မာနိုင်ငံထဲကို တလလျှင် ဘတ်ငွေ သန်း ၁၀၀၀ ဖိုးအထိ တရားဝင် တင်သွင်းနေပါတယ်။

အဲဒီ စားသောက်ကုန်နဲ့ တခြား ကုန်ပစ္စည်းတွေကို မဲဆောက်- မြ၀တီ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားကနေ တဆင့် တင်ပို့နေကြတာ ဖြစ်ပါတယ်။

ဘတ်ငွေ သန်း ၁၀၀၀ ဖို့အထိ တင်ပို့နေတဲ့ ကုန်ပစ္စည်းတွေထဲမှာ သကြားက တင်ပို့မှု အများဆုံးဖြစ်ကြောင်း တာ့ခ်ခရိုင် ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌက ပြောတယ်လို့ ဒီဇင်ဘာလ ၂၀ ရက်နေ့ မန်နေဂျာ အွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။

သကြားအပြင် ဖုန်းနဲ့ ဖုန်း အပိုပစ္စည်း၊ လယ်ယာသုံး ပစ္စည်း၊ အချိုရည်၊ ဘီယာ၊ အချိုမှုန့်၊ ဓာတ်ဆီ၊ ဒီဇယ် အစရှိတဲ့ ကုန်ကစ္စည်းတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

မဲဆောက်-မြ၀တီနယ်စပ် နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားဟာ ထိုင်းနိုင်ငံကနေ မြန်မာကို ကုန်တင်ပို့မှုတွေထဲမှာ အကြီးဆုံး ဂိတ်တခုလည်း ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013