DVB Logo
Home
မြန်မာသတင်း
တရားမ၀င် အလုပ်သမားခေါ်ယူမှုဖြင့် စက်ရုံ ၅၀ မှ အလုပ်ရှင်များကို ထိုင်းအရေးယူ
DVB
·
December 20, 2015
တရားမ၀င် အလုပ်သမားခေါ်ယူမှုဖြင့် စက်ရုံ ၅၀ မှ အလုပ်ရှင်များကို ထိုင်းအရေးယူ
Donate to DVB

တရားမ၀င် ရွှေ့ပြောင်း အလုပ်သမားခေါ်ယူမှုနဲ့ ၂ လအတွင်း စက်ရုံပေါင်း ၅၀ က အလုပ်ရှင်တွေကို အရေးယူခဲ့ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

၂၀၁၅ ခုနှစ် အောက်တိုဘာနဲ့ နိုဝင်ဘာလစာရင်းအရ အလုပ်ရုံ ၅၀ မှ အလုပ်ရှင်နဲ့ တရားမ၀င် ရွှေ့ပြောင်းအလုပ်သမား အယောက် ၃၀၀ လောက်ကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ အလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အလုပ်ရှင်တွေအနေနဲ့ တရားမ၀င်ရွှေ့ပြောင်း အလုပ်သမားတွေ မခန့်ဖို့ အသိပေးထားပြီး တွေ့ရှိပါက ထိုင်းအလုပ်ရှင်ကို ပြစ်ဒဏ်ပေးဆောင်ရမယ်လို့ ထိုင်းအလုပ်သမား ၀န်ကြီးဌာန တာဝန်ရှိသူ နိုင်အာရတ်ခ် ဘုန်းမနီက ( Mr.Arak Prommanee)  က ပြောပါတယ်။

ထိုင်းအလုပ်ရှင်တွေအနေနဲ့ အလုပ်သမားဝန်ကြီးဌာနမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ အလုပ်သမားတွေကို ခန့်ရမယ်လို့ ဆိုပါတယ်။

တရားမ၀င် အလုပ်သမားတွေကို ခန့်အပ်မယ်ဆိုရင် ထိုင်းသက္ကရာဇ် ၂၅၅၁ ခုနှစ်က ထုတ်

ပြန်ထားတဲ့ ဥပဒေအရ ထောင်ဒဏ် ၅ နှစ်အထိ ကျခံရမှာဖြစ်သလို ဒဏ်ငွေ ဘတ်ငွေ ၂ ထောင်ကနေ ၁ သိန်းအထိ ပေးဆောင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ၃ သန်းလောက် ရှိနေပြီး ဘတ်လို့ခေါ်တဲ့ ပန်းရောင်ကတ်နဲ့ အလုပ်လုပ်နေသူတွေ၊ ယာယီနိုင်ငံကူးလက်မှတ်နဲ့ အလုပ်လုပ်နေသူတွေ၊ အထောက်အထား တစုံတရာမရှိဘဲ အလုပ်လုပ်နေသူတွေ အမျိုးမျိုးရှိနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013