DVB Logo
Home
မြန်မာသတင်း
ကန်ပိုက်တီးက စက်ယန္တရားများကို စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး စစ်မည်
DVB
·
December 19, 2015
ကန်ပိုက်တီးက စက်ယန္တရားများကို စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး စစ်မည်
Donate to DVB

ကချင်ပြည်နယ်၊ ကန်ပိုက်တီးဒေသကို ၀င်ရောက်လာတဲ့ စက်ယန္တရားတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ အစိုးရက အဖွဲ့ဝင် ၄ ဦးပါ အဖွဲ့တဖွဲ့ ဖွဲ့လိုက်ပါတယ်။

ကန်ပိုက်တီးဒေသကို တရုတ်နိုင်ငံက ၀င်ရောက်လာတဲ့ စက်ယန္တရားတွေ ဘယ်ပုံဘယ်နည်း ၀င်ရောက်လာတယ်ဆိုတဲ့ ဖြစ်စဉ်အမှန်သိရအောင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောဝန်ကြီး ဦးဆောင်တဲ့အဖွဲ့ကို ဖွဲ့ပေးလိုက်တယ်လို့ အစိုးရသတင်းအရ သိရပါတယ်။

ဒီကော်မတီကို ဘယ်သူကဖွဲ့ပေးပြီး ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေနဲ့ ကော်မတီ အစီရင်ခံစာတင်ရမယ့် နောက်ဆုံးနေ့ရက် စတဲ့ အချက်တွေတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။

ကချင်ပြည်နယ်၊ ဖားကန့်ဘက်မှာ စက်ယန္တရားကြီးတွေ အလွန်အကျွံ့သုံးပြီး ကျောက်မျက်တူးဖော်နေကြတဲ့အပေါ် ဒေသခံတွေက ၃ ကြိမ်ထက်မနည်း ကန့်ကွက်ဆန္ဒပြခဲ့ကြသလို မီဒီယာတွေကလည်း ဝေဖန်ထောက်ပြရေးသားခဲ့ကြပြီး တပတ်ဆယ်ရက်လောက်အကြာမှာ အခု စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကြောင်းသတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်၊ သတ္တုသယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဦးလှဆွေကတော့ ဥပဒေအားနည်းချက်ကြောင့် ဒီပြဿနာတွေ ဖြစ်ပွားနေတာလို့ ပြောပါတယ်။

“အဓိကက အဲ့ဒီမှာ တရားဥပဒေခိုင်မာမှု မရှိဘူး၊ နောက်တခါ ဥပဒေက သတ်သတ် အမိန့်နဲ့ ညွှန်ကြားချက်ဆိုတာကလည်း ခဏခဏ ပြောင်းနေတာ၊ ခဏခဏပြောင်းနေတော့ မတည်ငြိမ်ဘူး၊ ခုတမျိုး တော်ကြာတမျိုး ဆိုတာမျိုးတွေက များနေတာ။”

လုပ်ကွက်တွေကို အကျယ်ကြီးချထားပေးပြီး သက်တမ်းကျ တိုတိုပဲပေးတာကလည်း အဓိကကျတဲ့ပြဿ နာတခုလို့ ပြောပါတယ်။

လွှတ်တော်က မကြာခင် ပြဋ္ဌာန်းနိုင်မယ့် သတ္တုတွင်းဥပဒေကို ပြင်ဆင်တဲ့ဥပဒေ ထုတ်ပြန်လိုက်နိုင်ရင်လည်း ဒီပြဿ နာတွေ ပြေလည်သွားနိုင်တယ်လို့ ဆိုပါတယ်။

ဖားကန့်ဒေသခံတွေကတော့ ရွေးကောက်ပွဲအပြီးကစလို့ ကျောက်မျက်တူးတဲ့ ကုမ္ပဏီတွေက စက်ယန္တရားကြီးတွေ သုံးပြီး ကျောက်မျက်ကို အလွန်အကျွံ တူးဖော်နေကြတာလို့ ပြောပါတယ်။

သတ္တုတွင်းဝန်ကြီးဌာနရဲ့ စာရင်းဇယားတွေအရ ဖားကန့်နဲ့ လုံးခင်းမှာ ကုမ္ပဏီပေါင်း ၈၅၀ ကျော်ကို စုစုပေါင်းဧရိယာ ၂၂၅၅ ဒသမ ၃ဝ ဧက လုပ်ကိုင်ခွင့်ပြုထားကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013