DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းလူသတ်မှု ရှေ့သီတင်းပတ်အမိန့်ချမည်
DVB
·
December 18, 2015
လိပ်ကျွန်းလူသတ်မှု ရှေ့သီတင်းပတ်အမိန့်ချမည်
Donate to DVB

ထိုင်းနိုင်ငံ၊ လိပ်ကျွန်းလူသတ်မှုမှာ တရားစွဲဆိုခံထားရတဲ့ မြန်မာလူငယ် ၂ ဦးကိုအမိန့် ချမှတ်ပြီးရင်လည်း ဆက်လက် တရားရင်ဆိုင်ရနိုင်ဖွယ်ရှိတယ်လို့ မြန်မာအထူးစုံစမ်းရေးအဖွဲ့ ၃ တာဝန်ခံ ဦးထူးချစ်က ပြောပါတယ်။

ရန်ကုန်မြို့ Orchid ဟိုတယ်မှာ ဒီကနေ့  ပြုလုပ်တဲ့ မြန်မာအထူးစုံစမ်းရေးအဖွဲ့ အဖွဲ့ ၃ ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

“တရားစွဲထားတဲ့ ထိုင်းအစိုးရ ထိုင်းရဲတပ်ဖွဲ့တွေအနေနဲ့ကလည်း သူတို့ကို အပြစ်ရှိပါတယ် ဆိုတဲ့ အယူခံပြန်တင်လို့ရတယ်။ ကျနော်တို့အနေနဲ့ကလည်း ကျနော်တို့ကို အပြစ်ရှိတယ်လို့ ပြောရင်လည်း အပြစ်မရှိဘူးလို့ အယူခံတင်လို့ရတယ်။ ဆိုတော့ ၂၄ ရက်နေ့မှာ အပြစ်ရှိတယ် လို့ပဲ ပြောပြော၊ အပြစ်မရှိဘူးလို့ပဲ ပြောပြော ဒီကလေးတွေက တစုံတရာတော့ တရားတော့ ရင်ဆိုင်ရဦးမယ်လို့ ကျနော်ထင်တယ်”လို့ ဦးထူးချစ်က သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုမှာ တရားစွဲဆိုခံထားရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ ဦးရဲ့အမှုကို အောက်တိုဘာလ ဒုတိယအပတ်က နောက်ဆုံး ရုံးချိန်းနဲ့ စစ်ဆေးခဲ့ပြီး လာမယ့် ဒီဇင်ဘာလ ၂၄ ရက်နေ့  အမိန့်ချမှတ်မှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာရှိတဲ့ မျိုးရိုးဗီဇ (ဒီအန်အေ) ကျွမ်းကျင်ပညာရှင်ကလည်း ဒီအမှုနဲ့ ပတ်သက်ပြီး တရားရုံးမှာ လာရောက်ထွက်ဆိုထားတာတွေရှိသလို နောက်ဆုံးစစ်ဆေးပြီးခဲ့တဲ့ အခြေအနေတွေအရ ဒီအမှုမှာ မြန်မာ ၂ ဦး လွတ်ဖို့အလားအလာကောင်းတွေရှိနေတယ်လို့ ဦးထူးချစ်က ပြောပါတယ်။

“ကျနော်တို့စပြီးတော့ အဲဒီအမှု စတင်ဆောင်ရွက်ကတည်းက အမြဲတမ်းပြောပါတယ်။ ကျနော်တို့ ဒီကလေးတွေနဲ့လည်း ထောင်ထဲမှာ သွားတွေ့ပြီးပါပြီ။ ဆိုတော့ ကျနော်တို့အနေနဲ့ ယုံကြည်တာက ဒီလူသတ်မှုမှာ ကျနော်တို့နိုင်ငံရဲ့ ရွှေ့ပြောင်းအလုပ်သမားနှစ်ယောက် လုံးဝ ပတ်သက်တာမရှိဘူးလို့ ကျနော်တို့ ယုံကြည်ပါတယ်။ နောက်တခုကလည်း သူတို့ ဒီပြီးခဲ့တဲ့ တနှစ်မှာ ကျနော်တို့ ဟိုဘက်ဒီဘက် သက်သေအထောက်အထားတွေ ပြတဲ့အချိန်မှာ ဒီကလေးနှစ်ဦး လူသတ်မှုဖြစ်တယ်လို့  စွပ်စွဲရလောက်တဲ့ သက်သေအထောက်အထား ထိုင်းအစိုးရဘက်မှာ မရှိပါဘူး။ ဒါကြောင့်မို့လို့ ဘယ်လိုပဲဖြစ်ဖြစ် ဒီကလေးတွေဟာ အပြစ်မရှိဘူးလို့ ကျနော်တို့ ပြောလို့ရတယ်။”

၂၀၁၄ ခုနှစ် စက်တင်ဘာလက ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံသား ၂ ဦးဖြစ်တဲ့ ကိုဝင်းဇော်ထွန်း၊ ကိုဇော်လင်းတို့ ၂ ဦးကို  ထိုင်းရဲတပ်ဖွဲ့က  ဖမ်းဆီးတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013