DVB Logo
Home
မြန်မာသတင်း
ပြည်ပရောက် မြန်မာအလုပ်သမားအားလုံးကို အကာအကွယ်ပေးရေး ဦးစားပေးလုပ်ငန်းဖြစ်
DVB
·
December 18, 2015
ပြည်ပရောက် မြန်မာအလုပ်သမားအားလုံးကို အကာအကွယ်ပေးရေး ဦးစားပေးလုပ်ငန်းဖြစ်
Donate to DVB

ပြည်ပမှာ ရောက်ရှိနေကြတဲ့ မြန်မာအလုပ်သမားအားလုံးကို အကာအကွယ်ပေးရေးဟာ မြန်မာအစိုးရရဲ့ နိုင်ငံတော်အဆင့် ဦးစားပေးလုပ်ငန်းဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောပါတယ်။

နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အခမ်းအနားမှာ ပြောကြားခဲ့တာပါ။

တိုးတက်မှုတွေ ရှိနေပေမယ့် ရွှေ့ပြောင်းအလုပ်သမားတွေဟာ သူတို့ရဲ့ အခြေခံအခွင့်အရေးတွေနဲ့ ၀န်ဆောင်မှုတွေကို အနိမ့်ဆုံးအဆင့်နဲ့ပဲ ရရှိနေပြီး ခြိမ်းခြောက်ခံရတာ၊ ဗိုလ်ကျခံရတာ၊ အကြမ်းဖက်ခံရတာ၊ ခွဲခြားခံရတာနဲ့ တန်းတူညီမျှမှုမရှိတာ စတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရနေရတယ်လို့ သူက ပြောပါတယ်။

မြန်မာအလုပ်သမားတွေကို ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကိုရီးယား၊ ဂျပန်နဲ့ အရှေ့အလယ်ပိုင်းက တချို့နိုင်ငံတွေကို ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဥပဒေနဲ့အညီ တရားဝင်ခွင့်ပြုထားတဲ့ အေဂျင်စီ ၁၄၇ ခုက တဆင့်စေလွှတ်ပေးနေတာပါ။

“မြန်မာအလုပ်သမားတွေကို နည်းလမ်းပေါင်းစုံနဲ့ ပြည်ပနိုင်ငံတွေကို ပုံမှန်စေလွှတ်နေပေမယ့်လည်း လူကုန်ကူး ခံရသူတွေအပါအ၀င် ရွှေ့ပြောင်း အလုပ်သမားတွေကို မှောင်ခိုထုတ်တာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ အကြွေးနဲ့ ခိုင်းစေတာ၊ ရုပ်ပိုင်းဆိုင်ရာ လက်ဝါးကြီးအုပ် ခိုင်းစေတာတွေဟာ လက်ရှိအချိန်ထိ ကြုံတွေ့နေရတဲ့ ပုံမှန် မဟုတ်တဲ့ ကိစ္စတွေဖြစ်ပါတယ်။ တချိန်တည်းမှာပဲ မဟာမဲခေါင်ဒေသနဲ့ တခြားဒေသတွေမှာ ရှိတဲ့ လုပ်ငန်းခွင်တွေက အထောက်အထား အပြည့်အစုံပါတဲ့ မြန်မာလုပ်သားတွေဟာ အန္တရာယ်တွေ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေ၊ ဖိနှိပ်ချုပ်ခြယ်မှုတွေကို ခံစားနေရတယ်လို့ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေအရ သိရပါတယ်” လို့ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောပါတယ်။

လက်ရှိအချိန်မှာ နိုင်ငံတကာ ရွှေ့ပြောင်းသွားလာမှုလုပ်ငန်းစဉ်ဟာ ရွှေ့ပြောင်းအလုပ်သမားများ စေလွှတ်တဲ့ နိုင်ငံနဲ့ လက်ခံတဲ့ နိုင်ငံတို့ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်ပြီး အဲဒီနိုင်ငံက ပြည်သူတွေရဲ့ ဆင်းရဲမှုကို လျှော့ချပေးနိုင်တဲ့ အရေးပါတဲ့ လုပ်ငန်းစဉ်တခုအဖြစ် ရောက်ရှိနေပြီလို့လည်း ၀န်ကြီးက ဆိုပါတယ်။

ထိုင်း၊ ကိုရီးယားနဲ့ မလေးရှားနိုင်ငံတွေမှာ ရောက်နေတဲ့ အလုပ်သမားတွေရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့၊ သူတို့ရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ မြန်မာအလုပ်သမား သံအရာရှိတွေ ခန့်အပ်ထားပြီး ဖြစ်ပါတယ်။

ပြီးတော့ နေပြည်တော်နဲ့ ရန်ကုန်မှာ မြန်မာ အလုပ်သမားတွေရဲ့ အခက်အခဲနဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ဖို့ သတင်းပို့ တိုင်ကြားနိုင်တဲ့ ဌာနတွေကို ၂၄ နာရီပတ်လုံး နေ့တိုင်းဖွင့်လှစ်ထားပါတယ်။

မြန်မာနိုင်ငံက လူဦးရေစုစုပေါင်းရဲ့ ၅ ရာခိုင်နှုန်းလောက်ဟာ ရွှေ့ပြောင်းအလုပ်သမားတွေအဖြစ် နိုင်ငံအသီးသီးမှာ ရောက်နေကြတယ်လို့လည်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013