DVB Logo
Home
Lead Story
သမဂ္ဂဂျာနယ် သတင်းထောက်ချုပ် မရွှေမှုံကို ဒဏ်ငွေ ၁ သောင်းချမှတ်
DVB
·
December 18, 2015
သမဂ္ဂဂျာနယ် သတင်းထောက်ချုပ် မရွှေမှုံကို ဒဏ်ငွေ ၁ သောင်းချမှတ်
1 / 6
Donate to DVB

သမဂ္ဂဂျာနယ် သတင်းထောက်ချုပ် မရွှေမှုံကို ကျောက်တံတားတရားရုံးက ဒဏ်ငွေ ၁ သောင်းချမှတ် ချမှတ်လိုက်ပါတယ်။

ပုဒ်မ ၁၉ ကို ကျူးလွန်ကြောင်းထင်ရှားပေမယ့် အရင်ပြစ်မှုကျူးလွန်ဖူးတာ မရှိတဲ့ အမျိုးသမီးတယောက်ဖြစ်လို့ အခုလို ဒဏ်ငွေ ၁ သောင်း မဆောင်ရင် ထောင်ဒဏ် ၁၅ ရက် ကျခံရမယ်လို့ ချမှတ်တာဖြစ်ပါတယ်။ ဒဏ်ငွေကို မီဒီယာမောင်နှမတွေက စိုက်ထုတ်ပြီး ဆောင်ပေးတာဖြစ်ပါတယ်။

သမဂ္ဂ ဂျာနယ်သတင်းထောက်ချုပ် မရွှေမှုံကို International Day to End Impunity နေ့အတွက် ဆုတောင်း ဆန္ဒထုတ်ဖော်ရာမှာ သတ်မှတ်နေရာမှာ ဆန္ဒမထုတ်ဖော်တဲ့အတွက် ပုဒ်မ ၁၉ နဲ့ ကျောက်တံတား တရားရုံးမှာ ၂၀၁၅ ခုနှစ် ဇွန်လ ၁ ရက်နေ့မှာ အမှု စတင် ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့မှာ ဖမ်းဆီးခံ သတင်းသမားတွေ ပြန်လည်လွတ်မြောက်ဖို့အတွက် ရန်ကုန်မြို့ ဆူးလေဘုရား ရင်ပြင်ပေါ်မှာ ဆုတောင်းဆန္ဒပြရာ မှာ မရွှေမှုံက ဦးဆောင် ပါဝင်ခဲ့ပါတယ်။
ဓာတ်ပုံ - ဘကြီးအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013