DVB Logo
Home
မြန်မာသတင်း
၂၀၃၀ တွင် နိုင်ငံသားတဦးချင်းဝင်ငွေ ကန်ဒေါ်လာ ၃၀၀၀ ရရှိရန် စီမံကိန်းရေးဆွဲထား
DVB
·
December 18, 2015
၂၀၃၀ တွင် နိုင်ငံသားတဦးချင်းဝင်ငွေ ကန်ဒေါ်လာ ၃၀၀၀ ရရှိရန် စီမံကိန်းရေးဆွဲထား
Donate to DVB

လာမယ့် ၂၀၃၀-၂၀၃၁ ခုနှစ်မှာ နိုင်ငံတော်ရဲ့ ဂျီဒီပီကို အမေရိကန် ဒေါ်လာ ဘီလီယံ ၁၈၀ အထိရပြီး နိုင်ငံသားတဦးစီရဲ့ အသားတင်ထုတ်လုပ်မှုနဲ့ ၀န်ဆောင်မှုတန်ဖိုး (Per Capita - GDP) ကို အမေရိကန်ဒေါ်လာ ၃၀၀၀ အထိ ရောက်ရှိစေဖို့ မျှော်မှန်းပြီး စီမံကိန်းရေးဆွဲထားတယ်လို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စီမံကိန်းကော်မရှင် အစည်းအဝေးမှာ သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့တာလို့  အစိုးရ ပြန်ကြားရေး သတင်းထုတ်ပြန်ချက်မှာ ဖော်ပါတယ်။

ဒါနဲ့ပတ်သက်လို့ စီးပွားရေးပညာရှင် ဒေါက်တာမောင်မောင်စိုးက “ထုတ်လုပ်မှုနဲ့ ၀န်ဆောင်မှု တန်ဖိုးဆိုတာ တယောက်ချင်းစီရဲ့ ၀င်ငွေကို ပြောတာပေါ့။ လာမယ့်ကာလအတွက် မျှော်မှန်းထားတာ ဆိုတော့လည်း နှစ် ၆၀ ကြာမှ ဖြူမယ့် ဆင်ဖြူတော်စီမံကိန်းနဲ့ တူပါတယ်ဗျာ” လို့ ပြောပါတယ်။

ဒီအစည်းအဝေးမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေ (မူကြမ်း) ကို အစိုးရအဖွဲ့က ပြည်ထောင်စုလွှတ်တော်ကို ပေးပို့နိုင်ရေးအတွက်လည်း ဆွေးနွေး အတည်ပြုခဲ့ပါတယ်။

ဒါ့အပြင် ရေးဆွဲပြီးခဲ့တဲ့ ဒုတိယကာလတို ၅ နှစ် အမျိုးသားစီမံကိန်းနဲ့ နှစ်ရှည်စီမံကိန်းဖြစ်တဲ့ အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း - NCDP (၂၀၁၁-၂၀၃၁ ခုနှစ်) ကို နောင်ရေးဆွဲမယ့် စီမံကိန်းတွေရဲ့ မူဘောင်အဖြစ် သုံးနိုင်ဖို့ မှတ်တမ်းတင်ထားခဲ့ရမယ်လို့လည်း သမ္မတက ဆိုပါတယ်။

ဒါတွေကို နောက်အစိုးရအတွက် အခြေခံကောင်းတွေအဖြစ် လွှဲပြောင်းပေးခဲ့မယ်လို့လည်း ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013