DVB Logo
Home
မြန်မာသတင်း
ကန်ပိုက်တီးနယ်စပ်မှ ယာဉ်၊ ယန္တရားအစီးရေ ၈၀၀ ကျော် တရားဝင်တင်သွင်းခွင့်ပြု
DVB
·
December 18, 2015
ကန်ပိုက်တီးနယ်စပ်မှ ယာဉ်၊ ယန္တရားအစီးရေ ၈၀၀ ကျော် တရားဝင်တင်သွင်းခွင့်ပြု
Donate to DVB

ကချင်ပြည်နယ်  ကန်ပိုက်တီးဒေသ နယ်စပ်ကုန်သွယ်ရေး စခန်းကနေ  ယာဉ်၊ ယန္တရား အစီးရေ ၈၈ဝ တရားဝင် တင်သွင်းခွင့်ပြုခဲ့တယ်လို့  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတဦးကို ကိုးကားပြီး အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

ဖားကန့်ဒေသကို ကန်ပိုက်တီး နယ်စပ်ကနေ တရားမဝင် မြေတူး ယာဉ်ယန္တရားတွေ ဝင်ရောက်နေတယ်လို့ လူမှုကွန်ရက်ပေါ်က သတင်းတွေနဲ့ ပတ်သက်ပြီး စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောကြားတာပါ။

ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေးစခန်းကနေ တရားဝင် တင်သွင်းခွင့်ပြုခဲ့တဲ့ ယာဉ်၊ ယန္တရားတွေဟာ တင်သွင်းခွင့်လိုင်စင်နဲ့ သွင်းကုန်ကြေညာလွှာ စာရွက်စာတမ်း အထောက်အထားတွေ ပြည်စုံပါက ယာဉ်နံပါတ် မရှိသေးပေမယ့်  မြစ်ကြီးနားကို မောင်းနှင်ခွင့်ရှိကြောင်း၊ တင်သွင်းခွင့်ရရှိပြီး ၂၁ ရက်အတွင်း ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှာ မှတ်ပုံတင်မှသာ ယာဉ်နံပါတ်တွေရ ရှိတာဖြစ်လို့ ယာဉ်နံပါတ်မပါရှိသေးတဲ့ ယာဉ်အားလုံးကို  တရားမဝင်လို့ မသတ်မှတ်နိုင်ကြောင်းလည်း ပြောပါတယ်။

လက်ရှိ ဖားကန့်ဒေသကို ရောက်ရှိနေတဲ့  ယာဉ်၊ ယန္တရားတွေဟာ  တရားဝင်တင်သွင်းတာ ဟုတ်၊ မဟုတ်ကို သက်ဆိုင်ရာက ကွင်းဆင်းစစ်ဆေးဖို့ စီစဉ်နေပြီး ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်းကနေ ယာဉ်၊ ယန္တရားတွေ တင်သွင်းခွင့်ကိုလည်း ခေတ္တဆိုင်းငံ့ထားမယ်လို့ ဆိုပါတယ်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနဲ့လည်း Mobile Team အဖွဲ့တွေနဲ့ စစ်ဆေးကြပ်မတ်ေနပြီး  ထိန်းသိမ်းရရှိတဲ့  တရားမဝင် ယာဉ်အစီးရေ ၇ဝဝ ကျော်ကို လေလံစနစ်နဲ့  ပြန်လည်ရောင်းချပြီး  နိုင်ငံတော် ဘဏ္ဍာငွေရရှိစေဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013