DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ တွေ့ဆုံ
DVB
·
December 17, 2015
ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ တွေ့ဆုံ
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်စီအေ လက်မှတ်ထိုးထား တဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၈ ဖွဲ့က ခေါင်းဆောင် ၈ ဦးတို့ ဒီကနေ့ နေပြည်တော် လွှတ်တော်ရုံးခန်းမှာ တနာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဒီတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုစာချုပ်(အန်စီအေ) အန်စီအေနဲ့ပတ်သက်တဲ့ သူ့ရဲ့အမြင်ဘောထားကို ပြောဆိုဆွေးနွေးခဲ့တယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါ်စောမြရာဇာလင်း ပြောပါတယ်။

“သူကတော့ တိုင်းရင်းသားအားလုံးမပါတဲ့ အပေါ်မှာ၊ လက်မှတ်မထိုးသေးတဲ့ အပိုင်းတွေ ရှိတယ်။ အဲလိုလက်မှတ်မထိုးသေးရတဲ့ အကြောင်းအရင်းက ဆိုရင် တိုင်းရင်းသားတွေကြား ထဲမှာ စိတ်ဝမ်းကွဲပြားမှု မရှိစေချင်ဘူး ဆိုတဲ့အချက်ကိုတော့ သူ့ဖက်က ပြောပါတယ်။ ပြီးလို့ရှိရင် ဒီအန်စီအေမှာ ကျမတို့ ချုပ်ဆိုထားတဲ့ အန်စီအေဟာဆိုရင် စေတနာပါပါနဲ့ ချုပ်ဆိုတဲ့ စာချုပ်ဖြစ်ဖို့လိုတယ်။ အခြေခံမူထဲမှာ ဆိုလို့ရှိရင်လည်း အမျိုးဘာသာ သာသနာ မခွဲခြားဘဲ အားလုံးတန်းတူတန်းမျှဖြစ်ဖို့ အရေးကြီးတယ်ဆိုတဲ့ အပိုင်းတွေကို သူ့ဖက်က ပြောတာရှိပါတယ်။ နောက်သူက ငြိမ်းချမ်းရေးဟာ အရေးကြီးတယ်။ ဒီငြိမ်းချမ်းရေး မရှိဘဲနဲ့တော့ ဘယ်တော့မှ တိုင်းပြည်ကို ကောင်းမွန်စွာ တည်ဆောက်လို့ မရဘူးဆိုတာ သူအခိုင်အမာ ယုံကြည်ထားတဲ့အကြောင်း၊ ဒီငြိမ်းချမ်းရေးကို ဆက်သွားဖို့လိုတဲ့ အကြောင်းပေါ့လေ အဲဒါတွေကို ပြောပါတယ်။ ”

ဒါ့အပြင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့က ကိုယ်စားလှယ်တွေကလည်း အန်စီအေမှာ ပါဝင်လက်မှတ်ထိုးရတဲ့အကြောင်းတွေကို ရှင်းလင်း ပြောပြခဲ့တယ်လို့ ဒေါ်စောမြရာ ဇာလင်းက ပြောပါတယ်။

“အခု ကျမတို့ ၈ ဖွဲ့ လက်မှတ်ရေးထိုးတာဆိုလို့ရှိရင် အန်စီအေအပေါ်မှာ အားလုံး မပါဝင်သေးဘူးဆိုပေမယ့်လို့ အားလုံးကဟာ ကျမတို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့ကနေပြီး တော့မှ ဒီ အန်စီအေစာချုပ်ကို အတူတကွရေးဆွဲခဲ့ကြတာဖြစ်တယ်။ တချိန်ချိန် တနေ့နေ့မှာ ကျမတို့အားလုံးအတူတကွဖြစ်လာဖို့အတွက် မျှော်လင့်ဆိုတဲ့ အကြောင်း အပါအ၀င်ပေါ့လေ ကျမတို့ အန်စီအေကို ချောချောမွေ့မွေ့နဲ့ ရှေ့ကို ခရီးသွားနိုင်ဖို့အတွက် အားလုံးက ၀ိုင်းဝန်းဆွေးနွေးကြတဲ့သဘောပဲ။”

ဒီတွေ့ဆုံပွဲကို မွန်းလွဲ ၁၂ နာရီခွဲကနေ ၁ နာရီခွဲလောက်အထိ တွေ့ဆုံဆွေးနွေးခဲ့ တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013