DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်ရှိ အမျိုးသမီးများအတွက် ဒေါ်လာ ၃ သန်းထောက်ပံ့
DVB
·
December 17, 2015
မွန်ပြည်နယ်ရှိ အမျိုးသမီးများအတွက် ဒေါ်လာ ၃ သန်းထောက်ပံ့
Donate to DVB

မွန်ပြည်နယ်ရှိ မြို့နယ်လေးမြို့နယ်မှာ အငယ်စားစီးပွားရေးလုပ်ငန်းတွေနဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေ စီးပွားရေးအခွင့်အလမ်းပိုရလာဖို့အတွက် အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ ဂျပန်နိုင်ငံ တို့က အမေရိကန် ဒေါ်လာ ၃ သန်းတန် စီမံကိန်းတခုကို အကောင်အ ထည်ဖော်ဖို့ ရှိနေပါတယ်။

ချောင်းဆုံ၊ ကျိုက်ထို၊ မော်လမြိုင်နဲ့ မုဒုံမြို့တွေမှာ သင်တန်းတွေပေးတာ၊ အသေးစား ငွေရေးကြေးရေး ထောက်ပံ့တဲ့ အဖွဲ့အစည်းတွေ၊ ပစ္စည်းတင်သွင်းသူတွေနဲ့ ချိတ်ဆက် ပေးတာအပြင် မော်လမြိုင်မြို့မှာ ဈေးတစ်ဈေးနဲ့ ကျိုက်ထိုမြို့မှာ ကုန်ချောထုတ်လုပ်နိုင်မယ့် အလုပ်ရုံတခု တည်ထောင်သွားမယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ဒီဇင်ဘာ ၁၆ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ လူမှုဖွံ့ဖြိုးမှုဆိုင်ရာ အကြီးတန်းပညာရှင် Uzma Hoque က “အခုစီမံကိန်းကနေ လက်မှုနဲ့ စားသောက်ကုန်အသစ်တွေကို ဖော်ထုတ်ပြီး ဒါတွေအတွက် လိုအပ်တဲ့ နည်းပညာ၊ လုပ်ငန်းအထောင်အထည်ဖော်တာနဲ့ စီမံခန့်ခွဲမှု အရည်အသွေး တွေရဖို့ ကူညီသွားမှာပါ။ ဒါ့အပြင် လုပ်ငန်းအငယ်စားတွေ၊ အထူးသဖြင့် အမျိုးသမီးနဲ့ နွမ်းပါးသူတွေ ဦးစီးလုပ်ကိုင်နေတဲ့ လုပ်ငန်းလေးတွေကို ငွေရေးကြေးရေး လက်လှမ်းမီအောင်၊ ၀င်ငွေတိုးစေဖို့ ဈေးကွက်အသစ်တွေနဲ့ ချိတ်ဆက်ရောင်ဝယ်နိုင်အောင် ကူညီသွားမှာ ဖြစ်ပါတယ်”လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

ဒီစီမံကိန်းအတွက် မြန်မာအစိုးရနဲ့ ရပ်ရွာလူထု အသိုင်းအ၀န်းကလည်း ဒေါ်လာ ၄သိန်းခွဲနဲ့ ညီမျှတဲ့ အထောက်အကူတွေ ထည့်ဝင်သွားမှာ ဖြစ်ပါတယ်။

ဒီစီမံကိန်းကနေ အကူအညီရရှိသူအားလုံးရဲ့ ၆၀ ရာခိုင်နှုန်းကျော်ဟာ အမျိုးသမီးတွေ ဖြစ်မယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါဟာ မဟာမဲခေါင်ဒေသခွဲနိုင်ငံတွေရဲ့ စင်္ကြန်လမ်းမှာ ရှိနေတဲ့ဒေသတွေကို ဖွံ့ဖြိုးအောင် လုပ်နေတာဖြစ်ပြီး စီမံကိန်းကာလ ၄ နှစ်ကြာမှာ ဖြစ်တဲ့အတွက် ၂၀၁၉ ခုနှစ် ဒီဇင်ဘာမှာ ပြီးမယ်လို့ ရည်မှန်းထားပါတယ်။

ဓာတ်ပုံ - adb.org

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013