DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်း​ဒေသကြီး​အစိုး​ရ သတင်း​စာရှင်း​လင်း​ပွဲ မတက်ဟု စာနယ်ဇင်း​အချို့​ဆို
DVB
·
July 15, 2011
ရန်ကုန်တိုင်း​ဒေသကြီး​အစိုး​ရ သတင်း​စာရှင်း​လင်း​ပွဲ မတက်ဟု စာနယ်ဇင်း​အချို့​ဆို
Donate to DVB

ကာလအ​တော်ကြာ​အောင် ပုံမှန်ပြုလုပ်ဖို့​ ပျက်ကွက်​နေတဲ့​ ရန်ကုန်တိုင်း​ဒေသကြီး​ အစိုး​ရအဖွဲ့​က သတင်း​စာရှင်း​ပွဲကို မနက်ဖြန် ဇူလိုင်လ ၁၆ ရက်​နေ့​မှာ ပြန်လည် ပြုလုပ်ဖို့​ ရှိ​နေပါတယ်။

ဒီသတင်း​စာ ရှင်း​လင်း​ပွဲမှာ ပြည်သူ​တွေကြား​ ဖြစ်​ပေါ်​နေတဲ့​ အုပ်ချုပ်​ရေး​နဲ့​ တရား​စီရင်​ရေး​ဆိုင်ရာ အခက်အခဲ​တွေကို ​မေး​မြန်း​တင်ပြခွင့်​ မရနိုင်တာ​ကြောင့်​ မတက်​ရောက်ဖို့​ သတင်း​ဂျာနယ်အချို့​က ဆုံး​ဖြတ်လိုက်ပါတယ်။

မနက်ဖြန် ​နေ့​လယ် (၂) နာရီမှာ စတင်မယ့်​ ဒီသတင်း​စာရှင်း​လင်း​ပွဲကို တိုင်း​ဒေသကြီး​အစိုး​ရ ဝန်ကြီး​ချုပ် ဒုတိယဗိုလ်ချုပ်ကြီး​ဟောင်း​ ဦး​မြင့်​ဆွေ ကိုယ်တိုင် တက်​ရောက်ဖို့​ရှိပြီး​ သတင်း​ထောက်​တွေအ​နေနဲ့​ ရန်ကုန်အစိုး​ရနဲ့​ဆိုင်တဲ့​ ​မေး​ခွန်း​တွေပဲ ​မေး​မြန်း​ဖို့​ ကန့်​သတ်ထား​သလို ဂျာနယ်တိုက်တတိုက်ကို တ​ယောက် တက်ခွင့်​ရမှာဖြစ်ပြီး​ တက်​ရောက်သူ​တွေအ​နေနဲ့​ အဝတ်အစား​ ​ကောင်း​ကောင်း​မွန်မွန် ဝတ်ဆင်လာကြဖို့​ကိုလည်း​ မ​နေ့​ကလုပ်တဲ့​ သတင်း​စာ ရှင်း​လင်း​ပွဲ ညှိနှိုင်း​အစည်း​ဝေး​မှာ တိုင်း​ဒေသကြီး​အစိုး​ရအဖွဲ့​က ​ပြောကြား​ထား​ပါတယ်။

ဒီလိုကန့်​သတ်မှု​တွေ ရှိ​နေတာ​ကြောင့်​ သတင်း​ဂျာနယ်အချို့​က​တော့​ သတင်း​ စာရှင်း​လင်း​ပွဲကို မတက်​ရောက်ဖို့​ ဆုံး​ဖြတ်ထား​ကြပါတယ်။ ဒါနဲ့​ပတ်သက်ပြီး​ သတင်း​စာရှင်း​လင်း​ပွဲ မတက်ဖို့​ ဆုံး​ဖြတ်ထား​တဲ့​ သတင်း​ဂျာနယ် တာဝန်ခံ အယ်ဒီတာတဦး​က အခုလို ​ပြောကြား​ထား​ပါတယ်။

“ထုံး​စံ စိစစ်​ရေး​ကပဲ ဖိတ်တယ်။ ရန်ကုန်တိုင်း​ ​ဒေသကြီး​က​လေ။ ဦး​ရွှေမန်း ပွဲလည်း​ အဲဒီလိုပါပဲ စိစစ်​ရေး​က တာဝန်ခံပြီး​တော့​ ဖိတ်တာပါပဲ။ သူက အကန့်​အသတ်​တွေနဲ့​ စီအီး​အို သို့​မဟုတ် အယ်ဒီတာ​တွေပဲ တက်ရမယ်ဆို​တော့​ ဒီ နိုင်ငံရေးသတင်း​ ရေး​နေတဲ့​ က​လေး​တွေက ဘယ်​တော့​မှ အခွင့်​အ​ရေး​ မရသလို ဖြစ်​နေတယ်။ အ​ခေါက်တိုင်း​လုပ်တယ် အကိုတို့​တော့​ ဒီအပတ်​တော့​ မတက်​တော့​ဘူး​။ ကန့်​သတ်ချက် တခုခု ရှိမယ်ဆိုရင်​တော့​ သတင်း​စာရှင်း​လင်း​ပွဲ မလုပ်တာဘဲ ​ကောင်း​ပါတယ်။ သတင်း​စာ ရှင်း​လင်း​ပွဲ ဆိုတာ တခုခု ​ပြောလာပြီဆိုရင် စာဖတ်သူကို နား​လည်တဲ့​ အဆင့်​အထိကို ​ရေး​ပြဖို့​ လိုတာကိုး​။ အဲဒီ​တော့​ ဘာအ​ကြောင်း​အရာပဲ ဖြစ်ဖြစ် မရှင်း​ဘူး​ဆိုရင်​တော့​ ပြန်​မေး​မှာပဲ။ ​နောက် အဲဒီလို​ပေါ့​ အစ်ကိုတို့​ဆီကိုလည်း​ စာ​တွေ ​ရောက်တာ ရှိတယ် ဥပမာ သူတို့​ မ​ကျေလည်မှု​တွေ​ပေါ့​ ​အောက်​ခြေမှာ၊​ အဲဒါ​တွေ ဆိုလို့​ရှိရင်လည်း​ အစ်ကိုတို့​က ဒါ​တွေ တင်ပြခွင့်​ရမှပဲ တက်ချင်တာ​လေ၊​ ဒါ​တွေ မရရင်​တော့​ အဲဒီပွဲ လုပ်​နေလို့​ အလကား​ပဲ။ သွား​လည်း​ အချိန်ကုန်တာပဲ ရှိမှာ မဟုတ်ဘူး​လား​။ ပြီး​တော့​ သူတို့​ ​ပြောချင်တာပဲ အရင်​ပြောသွား​ပြီး​တော့​ တချို့​တဝက်​ဖြေ၊​ အရင်ဟာ​တွေကို နည်း​နည်း​ ပြန်​ဖြေမှာ​ပေါ့​။ ​ဖြေပြီး​ရင်​တော့​ သိမ်း​လိုက်မယ် ထင်ပါတယ် ကြည့်​ရတာ။”

ရန်ကုန်တိုင်း​ဒေသကြီး​ အစိုး​ရအဖွဲ့​ဟာ သတင်း​စာရှင်း​လင်း​ပွဲ​တွေကို ပြီး​ခဲ့​တဲ့​ ​မေလ ၁၀ ရက်​နေက တကြိမ်၊​ ​မေလ ၁၇ ရက်​နေ့​မှာ တကြိမ် ကျင်း​ပခဲ့​ပြီး​ ဒီသတင်း​စာရှင်း​လင်း​ပွဲရဲ့​ ရုပ်သံမှတ်တမ်း​ကို ဒီဗွီဘီက ထုတ်လွှင့်​ခဲ့​တယ်ဆိုတဲ့​ အ​ကြောင်း​ပြချက်နဲ့​ သတင်း​စာရှင်း​လင်း​ပွဲ​တွေကို ရပ်နား​ခဲ့​ပါတယ်။

အဲ့​ဒီ​နောက် အခုလို ကန့်​သတ်ချက်​တွေနဲ့​ ပြန်လည်ပြုလုပ်လာတာလည်း​ ဖြစ်ပါတယ်။ အဲ့​ဒီ​နောက် ဇွန်လ ၁၄ ရက်​နေ့​ကလည်း​ သတင်း​စာရှင်း​လင်း​ပွဲ ပြန်လည်ပြုလုပ်ဖို့​ စီစဉ်ပြီး​ သတင်း​ထောက်​တွေဆီက ​မေး​ခွန်း​တွေကို ​တောင်း​ခံအပြီး​မှာလည်း​ သတင်း​စာရှင်း​လင်း​ပွဲကို ဖျက်သိမ်း​ခဲ့​ပြန်ပါတယ်။ အဲ့​ဒီ​နောက် ဒီလ ၁၆ ရက်​နေ့​မှာ ပြန်လည်ပြုလုပ်ဖို့​ ဖိတ်​ခေါ်လာတာလည်း​ ဖြစ်ပါတယ်။

လက်ရှိအ​ခြေအ​နေမှာ​တော့​ ​ဒေသဆိုင်ရာအစိုး​ရ​တွေဖြစ်တဲ့​ တိုင်း​ဒေသကြီး​နဲ့​ ပြည်နယ် အစိုး​ရ​တွေထဲက ရန်ကုန်နဲ့​ မန္တ​လေး​နှစ်ခုက အစိုး​ရအဖွဲ့​တွေကပဲ သတင်း​စာရှင်း​လင်း​ပွဲ​တွေကို တခါတရံ ပြုလုပ် ​ပေး​လေ့​ရှိ​ပေမယ့်​ ကျန်တဲ့​ ပြည်နယ်နဲ့​တိုင်း​တွေက အစိုး​ရအဖွဲ့​တွေက​တော့​ ပြုလုပ်တာမျိုး​ မရှိ​သေး​ပါဘူး​။ ပြီး​ခဲ့​တဲ့​ရက်ပိုင်း​က လွှတ်​တော်အစည်း​အ​ဝေး​တွေထဲမှာ​တော့​ ​ဒေသဆိုင်ရာ အစိုး​ရအဖွဲ့​ရဲ့​ ဝန်ကြီး​ဌာန​တွေနဲ့​ ဝန်ကြီး​တွေကို ​ပြောင်း​လဲ ပြင်ဆင် ဖွဲ့​စည်း​ထား​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013