DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ဆရာများဆု ထိပ်တန်းဆရာ ၅၀ တွင် ဆရာတော် ဦးနာယက ထိပ်ဆုံးမှ ရေပန်းစား
DVB
·
December 17, 2015
ကမ္ဘာ့ဆရာများဆု ထိပ်တန်းဆရာ ၅၀ တွင် ဆရာတော် ဦးနာယက ထိပ်ဆုံးမှ ရေပန်းစား
Donate to DVB

ဗာကီဖောင်ဒေးရှင်းကနေ ချီးမြှင့်တဲ့ ကမ္ဘာ့ဆရာများဆုအတွက် ရွေးချယ်ထားတဲ့ ထိပ်တန်း ဆရာ ၅၀ စာရင်းမှာ မြန်မာနိုင်ငံက ဆရာတော်ဦးနာယကက ထိပ်ဆုံးကနေ ရေပန်းစားနေပါတယ်။

အစွန်းရောက်တွေကို ရှေ့တန်းကနေ တိုက်ခိုက်နေတဲ့ ဆရာ ၅ ဦးကို ဂုဏ်ပြုကြပါစို့ဆိုပြီး ဂလိုဘယ်လ်ဆရာများဆု အင်တာနက် စာမျက်နှာမှာ ဆရာ ၅ ဦးကို ရွေးချယ်ပြီး ရေးသားခဲ့ရာမှာ ဆရာတော် ဦးနာယကကို ထိပ်ဆုံးကနေ တင်ပြထားပါတယ်။

မြန်မာနိုင်ငံက သွေးမြေကျ အကြမ်းဖက်မှု သမိုင်းကြောင်းကို တန်ပြန်ရာမှာ နားလည် သီးခံမှုကို သင်ကြားပေးတာဟာ အရေးပါတယ်လို့ ဆရာတော်က ယုံကြည်နေတယ်လို့ ရေးသားထားပါတယ်။

ဒါအပြင် ကျောင်းတွေက ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတဲ့ အလွတ်ကျက် ပညာသင်ကြားမှု စနစ်ကို ကျောင်းသား အလေးပေး သင်ကြားရေး စနစ်ကို ထီထွင်ဖော်ဆောင်ပြီး ကျော်လွှားခဲ့တယ်လို့ ဆိုပါတယ်။

ဆရာတော်နဲ့အတူ အမေရိကန်က လင်ဒါဝေမန်း၊ ကင်ညာက အာယွတ်မိုဟာမွတ်၊ ပါလက်စတိုင်းက ဟာနန် အယ်လ် ဟာရော့၊ အမေရိကန်က ကိတ်လင်းဒီဗဲလစ်တို့ ၄ ဦးလည်း ဒီဂုဏ်ပြုရမယ့် စာရင်းမှာ ပါဝင်နေပါတယ်။

၁၉၉၃ ခုနှစ်မှာ ဖောင်တော်ဦးကျောင်းကို ဆရာတော်က တည်ထောင်ခဲ့ပြီး လက်ရှိမှာတော့ ကျောင်းသား ၈၀၀၀ ကျော်ကို ဆရာ ၄၀၀ ခန့်က သင်ကြားပြသနေပါတယ်။

ဒီဆုကို ချီးမြင့်ခံရသူတွေကတော့ အမေရိကန် ဒေါ်လာ ၁ သန်း ဆုကြေးကို လက်ခံရရှိမှာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013