DVB Logo
Home
မြန်မာသတင်း
အလုပ်သမားသပိတ်ကူညီသည့် ညီအစ်ကို ၂ ဦးကို ထောင်ဒဏ် ၂ နှစ်စီချမှတ်
DVB
·
December 17, 2015
အလုပ်သမားသပိတ်ကူညီသည့် ညီအစ်ကို ၂ ဦးကို ထောင်ဒဏ် ၂ နှစ်စီချမှတ်
1 / 2
Donate to DVB

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်က စုပေါင်းအလုပ်သမား သပိတ်ကိုကူညီလို့ဆိုပြီး ဖမ်းဆီး တရားစွဲဆိုခံရတဲ့ ညီအစ်ကိုနှစ်ဦးကို ဒီကနေ့ ရန်ကင်းမြို့နယ်တရားရုံးက နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ပါတယ်။

ထောင်ဒဏ်ချမှတ်ခံရသူတွေကကတော့ ကိုသူဇော်ကြည်ဝင်းနဲ့ နိုင်ဇော်ကြည်ဝင်းနှစ်ဦးကို ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်တယ်လို့ ကိုသူဇော်က အမိန့်ချအပြီးမှ ပြောပါတယ်။

“ကျနော်တို့ ညီအစ်ကို နှစ်ယောက်လုံးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်ပါ တယ်။ ကျနော်တို့ ဖက်က ဒီစတင်တရားစွဲဆိုကတည်းက မတရားတဲ့ တရားစွဲဆိုမှုဖြစ်တဲ့အ တွက်ကြောင့် ဒီအမိန့်အပေါ်မှာ ကျနော်တို့ မကျေနပ်ဘူး။ တရားရုံးကိုလည်း အယုံ အကြည်မရှိဘူး။ ဘာဖြစ်လို့ လဲဆိုတော့ အကူအပြောင်းကာလမှာ အလုပ်သမားတွေ က အခုလက်ရှိအခြေအနေအထိကို အဖိနှိပ်ခံနေရတယ်။ အခု တိုင်ရီတို့၊ ထိပ်တန်းမြန်မာတို့ဆိုရင် လုပ်ခလစာမရလို့ဆိုပြီးတော့ ဆန္ဒထုတ် ဖော်နေကြတယ်။ အဲဒါကို လစ်လှူရှုပြီး အစိုးရကနေပြီးတော့ တရားရုံးကနေပြီး အလုပ်သမားတွေကို ထောင်ချတာဟာ အလုပ်သမားတွေကို ထပ်ဖိနှိပ်တဲ့ ဖိနှိပ်မှုတခုပဲလို့ ကျနော် က မြင်တယ်။”

ကိုသူဇော်ကြည်ဝင်းနဲ့ ကိုနိုင်ဇော်ကြည်ဝင်းတို့ ညီအစ်ကိုနှစ်ဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တုန်းကရွှေပြည်သူစက်မှုဇုံမှာ လုပ်ခဲ့တဲ့ အလုပ်သမားပူပေါင်းသပိတ်ကိုကူညီတယ်ဆိုပြီး သူတို့ကို ဖေဖော် ၀ါရီလ ၂၀ ရက်နေ့မှာ ဖမ်းဆီးတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ရွှေပြည်သာစမှုဇုံက Ford Glory Garment, Costec International, E,land Myanmar Garment နဲ့ Han jen အထည်ချုပ်စက်ရုံတွေ အလုပ်သမားတွေဟာ အခြေခံလစာ ၃ သောင်းက နေ ၆ သောင်းအထိ တိုးမြှင့်ပေးဖို့၊ အမြဲတမ်း ဝန်ထမ်းနဲ့ နေ့စားဝန်ထမ်းတွေကို အကျိုးခံစားခွင့် တန်းတူရရှိရေး၊ နှစ်ပြည့်လုပ်သားတွေကို နှစ်တိုးကြေး (နှစ်ပြည့်ကြေး) ပေးအပ်ဖို့နဲ့ လုပ်ငန်းခွင် စည်းကမ်းတွေကို အလုပ်သမားသမဂ္ဂနဲ့ ညှိနှိုင်းရေးဆွဲဖို့ စတဲ့တောင်းဆိုချက် နဲ့ ဖေဖော်ဝါရီလ ဆန်းပိုင်းက ဆန္ဒပြခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၀ ရက်နေရမှာတော့ အလုပ်သမားတွေနဲ့ ရဲ တွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး ဆန္ဒပြအလုပ်သမားခေါင်းဆောင်တချို့ဖမ်းဆီးခဲ့ခဲ့ပါတယ်။

အဖမ်းခံခဲ့ရတဲ့ အလုပ်သမားခေါင်းဆောင်တွေကတော့ ကိုမျိုးမင်းမင်းနဲ့ ကိုနိုင်ဌေးလွင် တို့ကို ပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲထားပြီး အခုချိန်ထိ အမှု ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013