DVB Logo
Home
မြန်မာသတင်း
မောင်းမကန်ဒေသခံများ မြေယာကိစ္စ ဆန္ဒပြ (ရုပ်သံ)
DVB
·
December 17, 2015
မောင်းမကန်ဒေသခံများ မြေယာကိစ္စ ဆန္ဒပြ (ရုပ်သံ)
Donate to DVB

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် မောင်းမကန်တွင် မောင်းမကန်ကျေးရွာအုပ်စု၊ ပန်းတင်အင်းကျေးရွာအုပ်စုနဲ့ ကျောက်ဆင်ကျေးရွာတွေ စုပေါင်းပြီး ထားဝယ်အများပိုင် ကုမ္ပဏီ(DDPC)ကို မြေယာကိစ္စနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၁၆ ရက်နေ့ မနက်ပိုင်းက မောင်းမကန်ရွာလယ်မှ ထားဝယ်အများပိုင် ကုမ္ပဏီရှေ့သို့ ဒေသခံ အင်အား ၃၀၀ ကျော်ဖြင့် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

လက်ရှိအစိုးရမှ ထားဝယ်အများပိုင်ကုမ္ပဏီအား လုပ်ပိုင်ခွင့် မြေဧက ၁၄၈ ဧကကို ချထားပေးပေမယ့် အဆောက်အဦ မဆောက်လုပ်သေးဘဲ တပ်သိမ်းမြေ ဧက ၇၀ တွင် ဘန်ဂလိုများဆောက်လုပ်ပြီး တခြားလူများကို အငှားချထားခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် ဇူလိုင်လမှာလည်း ၂၅၄ ဧကကို လျှောက်ထားကာ မြေကွက်များရောင်းချတာနဲ့ ပတ်သက်ပြီး မောင်းမကန် ဒေသခံများက ဒေသအကျိုးကို မကြည့်တဲ့အတွက် ကုမ္ပဏီကို ဆန္ဒပြတာ ဖြစ်တယ်လို့ ဆန္ဒပြရာမှာ ပါဝင်သူတဦးမှ ပြောကြားခဲ့ပါတယ်။

ရုပ်သံ - ထွန်းကျော်မောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013