DVB Logo
Home
မြန်မာသတင်း
အန်စီအေ လက်မှတ်မထိုးသည့် အဖွဲ့များကို ငြိမ်းချမ်းရေးညီလာခံတက်ရန် ဖိတ်ကြားမည်
DVB
·
December 17, 2015
အန်စီအေ လက်မှတ်မထိုးသည့် အဖွဲ့များကို ငြိမ်းချမ်းရေးညီလာခံတက်ရန် ဖိတ်ကြားမည်
Donate to DVB

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) ကို လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေကို ဇန်န၀ါရီလကျင်းပမယ့် ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ အထူးဧည့်သည်တွေအနေနဲ့ ဖိတ်ကြားသွားဖို့ ရှိနေပါတယ်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန အထူးအကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေက “ဒီနေ့မနက် တိုင်းရင်းသားခေါင်းဆောင်များ၊ အစိုးရ၊ တပ်မတော်၊ လွှတ်တော်ခေါင်းဆောင်များ ဆွေးနွေးတဲ့ ဆွေးနွေးပွဲမှာ လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေကိုလည်း အထူးဧည့်သည်တော်အနေနဲ့ ဖိတ်ကြားဖို့ ဆွေးနွေးတာ ရှိပါတယ်။ သူတို့တက်ရောက်နိုင်ဖို့အတွက်ကတော့ ဆက်ပြီး ဆောင်ရွက်ရဦးမှာပါ”  လို့ ပြောပါတယ်။

အန်စီအေကို လက်မှတ်ထိုးပြီးတဲ့နောက် စာချုပ်ပါ အချက်တွေကို အချိန်ဇယားအတိုင်း ဆက်ပြီး အကောင်အထည်ဖော်တဲ့အနေနဲ့ ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ဇန်န၀ါရီလ ၁၃ ရက်နေ့ မတိုင်ခင်မှာ ကျင်းပဖို့ လျာထားတာ ဖြစ်ပါတယ်။

ဒီညီလာခံမှာ ဆွေးနွေးမယ့် မူဘောင်သဘောတူညီချက်တွေကို ပူးတွဲကော်မတီရဲ့ တတိယအကြိမ် အစည်းအဝေးကနေ ဆုံးဖြတ်ပြီး ဒီဇင်ဘာ ၁၆ ရက်နေ့မှာ နိုင်ငံတော် သမ္မတကို ပေးအပ်ခဲ့ပါတယ်။

အဲဒီညီလာခံကို အစုအဖွဲ့ ကိုယ်စားလှယ်အနေနဲ့ အစိုးရနဲ့ လွှတ်တော်က အယောက် ၁၅၀၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေက အယောက် ၁၅၀ စီနဲ့ တိုင်းရင်းသားခေါင်းဆောင် ၅၀၊ တခြား ဖိတ်ကြားသင့်တဲ့သူ ၅၀ တက်ရောက်ဖို့ ဆုံးဖြတ်ထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ငြိမ်းချမ်းရေးမရမချင်း ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပြီး ပြုပြင်ပြောင်းလဲသင့်ရင် ပြောင်းလဲမှာဖြစ်ပေမယ့် လက်ရှိအနေအထားကနေ အသစ်ပြန်လုပ်မှာ မဟုတ်ဘူးလို့ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013