DVB Logo
Home
မြန်မာသတင်း
ကျန်သက်တမ်းတွင် အစိုးရဌာနများ တရားမ၀င် ဆောင်ရွက်မှုများ မလုပ်ရန် သမ္မတ သတိပေး
DVB
·
December 17, 2015
ကျန်သက်တမ်းတွင် အစိုးရဌာနများ တရားမ၀င် ဆောင်ရွက်မှုများ မလုပ်ရန် သမ္မတ သတိပေး
Donate to DVB

အစိုးရတာဝန်လွှဲပြောင်းပေးဖို့ လပိုင်းပဲလိုတော့တဲ့အချိန်မှာ ပြည်ထောင်စု ၀န်ကြီးဌာနတွေ၊ တိုင်းနဲ့ပြည်နယ် အစိုးရတွေအနေနဲ့ မြေ၊ အဆောက်အဦ၊ ယာဉ်၊ ငွေကြေးတွေနဲ့ ပတ်သက်လို့ တရားမ၀င် ဆောင်ရွက်တာတွေ မရှိဖို့ ညွှန်ကြားထားပြီး တိတိကျကျ လိုက်နာကြဖို့ သမ္မတက သတိပေး ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာ ၁၆ ရက်နေ့က ပြုလုပ်တဲ့ စီမံကိန်းကော်မရှင် အစည်းအဝေးမှာ ပြောခဲ့တာလို့ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားတာပါ။

ဒါ့အပြင် လက်ရှိအစိုးရတာဝန်ယူနေချိန်မှာ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနဲ့ ပုဂ္ဂလိက ကဏ္ဍတွေမှာ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ခဲ့ပြီး တိုးတက်သင့်သလောက် တိုးတက်ခဲ့သလို ဆက်လုပ်စရာတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။

ကတိပြုထားတဲ့အတိုင်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပြီး ရွေးကောက်ပွဲက ပေါ်ထွက်လာတဲ့ အစိုးရအဖွဲ့ကိုလည်း ညင်သာချောမွေ့၊ ကောင်းမွန်မှန်ကန်စွာနဲ့ တာဝန်လွှဲပြောင်းပေးမှသာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ စ၊ လယ်၊ ဆုံး ကောင်းမွန်မယ်လို့လည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013