DVB Logo
Home
မြန်မာသတင်း
ရဲတပ်ဖွဲ့အတွက် စစ်တပ်အကူအညီနှင့် ခေတ်မီလက်နက်တပ်ပေးထားဟုဆို
DVB
·
December 16, 2015
ရဲတပ်ဖွဲ့အတွက် စစ်တပ်အကူအညီနှင့် ခေတ်မီလက်နက်တပ်ပေးထားဟုဆို
Donate to DVB

မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် အသုံးပြုဖို့အတွက် စစ်တပ်အကူအညီနဲ့ ခေတ်မီလက်နက်များ တပ်ဆင်ပေးထားသလို ဆက်လက်တပ်ဆင်ဖို့ လုပ်ဆောင်နေတယ်လို့ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ပြောကြား လိုက်ပါတယ်။

ဒီဇင်ဘာလ ၁၆ ရက်နေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ရွှေပြည်သာ မဲဆန္ဒနယ်က ဦးတင်မောင်ဦးက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ လက်နက်တပ်ဆင်ကိုင်ဆောင် အသုံးပြုခွင့်ကို ဥပဒေ၊ နည်းဥပဒေများနှင့် ခေတ်မီလက်နက် တပ်ဆင်ပစ်ခတ် ဖမ်းဆီး အသုံးပြုခွင့် ပြု မပြု မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာမှာ ဒုဝန်ကြီးက ခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒုဝန်ကြီးက “မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖွဲ့စည်းပုံအရ ချေမှုန်းရေးလက်နက်နှင့် အဓိကရုဏ်း နှိမ်နင်းရေး လက်နက်များဟူ၍ ခွဲခြားသတ်မှတ်ထားပြီး ချေမှုန်းရေးလက်နက်များအား သောင်းကျန်းသူနယ်မြေများနှင့် အရေးကြီးတာဝန်ထမ်းဆောင်နေရသည့် တပ်ဖွဲ့များအတွက် တပ်မတော်၏ အကူအညီဖြင့် ခေတ်မီမောင်းပြန် လက်နက်များ တပ်ဆင်အသုံးပြု လျက်ရှိပါ ကြောင်း၊ ကျန်ဒေသများတွင် လက်ရှိကိုင်တွယ်အသုံးပြုလျက်ရှိသော ပစ္စတိုအုပ်စုဝင် ဖြစ်သည့် (.၃၈) ခြောက်လုံးပြူးလက်နက်များမှာ ခေတ်ဟောင်းလက်နက်များ ဖြစ်နေ၍ ခေတ်မီပစ္စတိုလက်နက်များနှင့် အစားထိုးတပ်ဆင် အသုံးပြုနိုင်ရေးအတွက် တပ်မတော်၏ အကူအညီဖြင့် တပ်ဆင်နိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း” ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား လိုအပ်သည့် ခေတ်မီလက်နက်များ တပ်ဆင်အသုံးပြုခွင့် ပေးထား ပြီးဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

မကြာသေးခင်က ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်မှာ တရားခံပြေးသွားဖမ်းတဲ့ ရဲနှစ်ယောက် ဓားထိုးအသတ်ခံခဲ့ရပြီး မနေ့တနေ့ကလည်း ပျဉ်းမနားမြို့က ကာရာအိုကေတခုမှာ ရဲအုပ် ၃ ယောက် ၀ိုင်းရိုက်ခံခဲ့ရပါတယ်။

ဒီဖြစ်ရပ်တွေအရ မြန်မာနိုင်ငံက ရဲတပ်ဖွဲ့ဝင်တွေမှာ လုံလောက်တဲ့ ခေတ်မီလက်နက် တပ်ဆင်ပေးထားခြင်း မရှိဘူးလို့ အများက ဝေဖန်နေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013