DVB Logo
Home
မြန်မာသတင်း
အိုင်အက်စ် သတင်းကြောင့် မြန်မာ-တရုတ်နယ်စပ်လုံခြုံရေးတိုးမြှင့်
DVB
·
December 16, 2015
အိုင်အက်စ် သတင်းကြောင့် မြန်မာ-တရုတ်နယ်စပ်လုံခြုံရေးတိုးမြှင့်
1 / 2
Donate to DVB

တရုတ်-မြန်မာနယ်စပ်ကတဆင့် အိုင်အက်စ် အကြမ်းဖက်သမား ၁၁ယောက် မြန်မာပြည်ထဲ ၀င်လာနိုင်တယ်ဆိုတဲ့သတင်းကြောင့် နယ်စပ်တလျှောက်မှာ နှစ်နိုင်ငံနယ်ခြားစောင့်ရဲ တပ်ဖွဲ့တွေ ပူးပေါင်းပြီး လုံခြုံရေးလုပ်ဆောင်နေတယ်လို့ မူဆယ်ခရိုင်ရဲတပ်ဖွဲ့ထံက စုံစမ်းသိရပါတယ်။

လွန်ခဲ့တဲ့တပတ်လောက်ကစပြီး အထက်က သတင်းဝင်လာတာကြောင့် အခုလို လုံခြုံရေးတိုးမြှင့်လုပ်ဆောင်နေတာလို့ မူဆယ်ခရိုင်ရဲတပ်ဖွဲ့က ရဲမှူးကြီးမင်းမင်းဦး ကပြောပါတယ်။

12342605_644697055633189_1397699484130906241_n“ကျနော်တို့နိုင်ငံကိုလှမ်းပြောလို့ ကျနော်တို့က ဒီကစောင့်ကြည့်ဖို့ပေါ့၊ သတင်းပါပဲ၊ တိတိကျကျတော့ မဟုတ်ပါဘူး။ မြန်မာပြည်ထဲ ၀င်ရောက်နိုင်တယ်ပေါ့။ တရုတ်နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ ညှိနှိုင်းထားတယ်။ သူတို့ဘက်ကလည်း ပိုက်စိတ်တိုက်ပြီး နယ်စပ်တလျှောက် တချို့တောတွေ၊ ချောင်းတွေ၊ မြောင်းတွေ ဆက်စပ်နေတဲ့ နေရာတွေ ကနေ ၀င်ထွက်သွားလာမှာစိုးလို့ သူတို့သေချာလေးစောင့်ကြည့်ဖို့ပြောထားတယ်။”

နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့ချင်းနေ့စဉ် သတင်းဖလှယ်ပြီး လုပ်ဆောင်နေတယ်လို့လဲ ပြောပါတယ်။ အခုချိန်ထိတော့ အိုင်အက်စ် ၁၁ ယောက်နဲ့ ပတ်သက်လို့ မသင်္ကာစရာနဲ့ ဖမ်းဆီးမိတာမျိုး မရှိသေးပါဘူး။

တရုတ်-မြန်မာနယ်စပ် မူဆယ်တ၀ိုက်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ၂၀၁၅ခုနှစ်ကထဲက လုံခြုံရေးတိုးမြှင့်လုပ်ဆောင်နေပြီး အခု အိုင်အက်စ်သတင်းကြောင့်လည်း လုံခြုံရေးကို ပိုမို တိုးမြှင့် လုပ်ဆောင်လာနေတာပါ။

လားရှိုးမြို့ခံ ဦးထွန်းရှင်က အိုင်အက်စ်သတင်းကို ဖေ့စ်ဘွတ်ကကြားထားပြီး သူတို့ မြို့မှာ အရင်ထက် လုံခြုံရေး ပိုဂရုစိုက်တာ တွေ့တယ်လို့ ပြောပါတယ်။

“ခါတိုင်းထက်ပိုပြီးတော့ တာဝန်ရှိသူတွေက လုံခြုံရေး အာရုံစိုက်တာ တွေ့ရတယ်။ ရှုတ်ယှက်ခတ်နေတဲ့သဘော မရှိပါဘူး။ အရေးတကြီး လုပ်နေတဲ့သဘော မရှိပါဘူး။ စောင့်ကြည့်တဲ့ သဘောပေါ့။”

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာ ပေါက်ကွဲမှုတွေ မကြာခဏဖြစ်ပွားပြီး လူသေဆုံးတဲ့ ပေါက်ကွဲမှုတွေရှိခဲ့ဘူးပေမယ့် အိုင်အက်စ်အဖွဲ့တွေနဲ့ ဆက်နွှယ်တဲ့ အကြမ်းဖက် တိုက်ခိုက်မှု တွေကတော့ ဖြစ်ပွားခဲ့တာ မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013