DVB Logo
Home
မြန်မာသတင်း
ပြည်ပကုန်သွယ်မှုပမာဏ ယခင်နှစ်ထက် ဒေါ်လာသန်း ၉၀၀ ကျော် လျော့နည်း
DVB
·
December 16, 2015
ပြည်ပကုန်သွယ်မှုပမာဏ ယခင်နှစ်ထက် ဒေါ်လာသန်း ၉၀၀ ကျော် လျော့နည်း
Donate to DVB

မြန်မာနိုင်ငံရဲ့ အခုနှစ် ပြည်ပကုန်သွယ်မှု ပမာဏဟာ အရင်နှစ်ထက် နှိုင်းယှဉ်ရင် ဒေါ်လာသန်း ၉၀၀ ကျော် လျော့နည်းနေကြောင်း ကုန်သွယ်မှုဆိုင်ရာ စာရင်းတွေအရ သိရပါတယ်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၄ ရက်နေ့အထိ မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှုပမာဏက ဒေါ်လာသန်း ၁၈၃၀၀ ကျော်ရှိပြီး၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ကာလတူ ကုန်သွယ်မှုပမာဏမှာ ဒေါ်လာသန်း ၁၉၂၀၀ ကျော်ရှိခဲ့တာကြောင့်၊ ဒီပမာဏနှစ်ခု နှိုင်းယှဉ်ရင် အခုဘဏ္ဍာနှစ်က ဒေါ်လာသန်း ၉၀၀ ကျော် လျော့နည်းနေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှုက ပင်လယ်ရေကြောင်းကနေ အဓိက ကုန်သွယ်နေပြီး၊ ကုန်သွယ်မှု စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။ အဲဒီ့ ကုန်သွယ်မှုစုစုပေါင်းရဲ့ ထက်ဝက်ခန့်ကတော့ အာရှနဲ့ အာဆီယံနိုင်ငံတွေ ဖြစ်ပြီး တရုတ်၊ ထိုင်း၊ စင်ကာပူတို့နဲ့လည်း အဓိကကုန်သွယ်နေပါတယ်။

ဒါ့အပြင် ကုန်သွယ်မှု တိုးတက်ရေးအတွက်ဆိုပြီးတော့ တောင်ကိုရီယားနိုင်ငံရဲ့ အကူအညီနဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနလက်အောက်က ဌာနတခု ဖြစ်လာမယ့် မြန်မာ့ကုန်သွယ်မှု မြင့်တင်ရေးအဖွဲ့ကို ဖွဲ့စည်းဖို့ ဆောင်ရွက်နေတယ် လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013