DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ရေးဆွဲပြီးစီး
DVB
·
December 15, 2015
နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ရေးဆွဲပြီးစီး
Donate to DVB

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ကို ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးမှာ အချောသတ် သဘောတူ ရေးဆွဲပြီးစီးသွားပြီ ဖြစ်ပါတယ်။

UPDJC ရဲ့ တတိယအကြိမ် စုံညီအစည်းအဝေးကို နေပြည်တော် ဟော်ရီဇိုလိတ်ဗျူး ဟော်တယ်မှာ ဒီဇင်ဘာလ ၁၄ နဲ့ ၁၅ ရက်နေ့ ၂ ရက်တာ ကျင်းခဲ့ပြီးနောက် သဘောတူ ရေးဆွဲနိုင်ခဲ့တာလို့ မြန်မာငြိမ်းချမ်းရေးစင်တာက သတင်းထုတ်ပြန်ပါတယ်။

ဒီအစည်းအဝေးမှာ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်တို့ ပါဝင်တဲ့အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အစုအဖွဲ့နဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့က ၁၆ ဦးကျစီ ပါဝင်တက်ရောက်ခဲ့ပြီး အစုအဖွဲ့သုံးစုမှ ကိုယ်စားလှယ်တွေက ဆွေးနွေး သဘောတူညီခဲ့ ကြတာပါ။

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပါဆွေးနွေးမယ့် အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ပဒိုကွယ်ထူးဝင်းက အခုလို ရှင်းပြပါတယ်။

“ဆွေးနွေးမယ့်အကြောင်းအရာက အဓိက ၁ တချက်ကတော့ နိုင်ငံရေးဆိုင်ရာပြဿ နာ၊ နိုင်ငံရေးဆိုင်ရာကိစ္စရပ်ပေါ့နော်။ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်ဆိုတော့ ဖွဲ့စည်းပုံလည်း ပါတာပေါ့နော်။ အခု ကျနော်တို့တိုင်းပြည်မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခ၊ လက်နက်ကိုင်ပြဿ နာ၊ အခြေခံဖွဲ့စည်းပုံနဲ့ပတ်သက်တာ၊ အခြေခံဖွဲ့စည်းပုံဆိုတာက ကျနော်တို့ နိုင်ငံမှာ နေထိုင်နေတဲ့ ပြည်သူတွေရဲ့ စုဖွဲ့မှုအနေအထား၊ နောက်ပြီး သူတို့ရဲ့ အခွင့်အရေး ဘယ်လိုရှိလဲဆိုတာ၊ တိုင်းရင်းသားတွေမှာ တိုင်းရင်းသား အခွင့်အရေးဆိုင်ရာကိစ္စ ဒါတွေပါမယ်။ နောက်ပြီး လူမှုဆိုင်ရာကိစ္စ ဒါတွေပါမယ်။ စီးပွားရေးဆိုင်ရာကိစ္စ၊ လုံခြုံရေးဆိုင်ရာ ကိစ္စရဲ့အောက်မှာ လက်နက်ကိုပ်ပဋိပက္ခတွေရှိတယ်လေ။ ဒါတွေကို ရပ်ဆိုင်းတဲ့ကိစ္စ ဒါတွေဆွေးနွေးရမှာပေါ့။”

ဆယ်စုနှစ်တွေနဲ့ချီ လက်နက်ကိုင်တိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့ ၈ ဖွဲ့နဲ့ အစိုးရအကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်က နေပြည်တော်မှာ လက်မှတ်ရေးထိုးခဲ့ပါ တယ်။

အန်စီအေ စာချုပ်ပါအချိန်ဇယားအရ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ နိုင်ငံရေးမူဘောင်ကို အပြီးသတ် ရေးဆွဲနိုင်ရမှာဖြစ်ပြီး ၂၀၁၆ ခု၊ ဇန်နဝါရီ ၁၅ ရက်နေ့မှာ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ရမယ်လို့ ပါရှိပါတယ်။

လက်ရှိရေးဆွဲပြီးစီးတဲ့ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာမူဘောင်ကို အန်စီအေစာချုပ် အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေးကို တင်ပြပြီး သူတိုရဲ့ အတည်ပြုမှုကို ရယူပြီးရင် နိုင်ငံတော်သမ္မတထံ တရားဝင်ပေးအပ်သွားမယ်လို့ ပဒိုကွယ်ထူးဝင်းက ပြောပါတယ်။

နိုင်ငံတော်သမ္မတက ၂၀၁၆ ဇန်နဝါရီ ၁၅ မတိုင်မီ ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ခေါ်ယူကျင်းပပြီး အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို ကျင်းပရမှာလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013