DVB Logo
Home
မြန်မာသတင်း
မြန်မာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု တည်ငြိမ်နေ
DVB
·
December 15, 2015
မြန်မာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု တည်ငြိမ်နေ
Donate to DVB

ရွှေတြိဂံဒေသက မြန်မာနဲ့ လာအိုနိုင်ငံတွေရဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဟာ ၂၀၁၅ မှာလည်း ပုံမှန်အတိုင်း ဆက်လက်တည်ငြိမ်နေတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုရုံး (ယူအန်အိုဒီစီ)က ပြောပါတယ်။

အရှေ့တောင်အာရှဒေသရဲ့နှစ်ပတ်လည် ဘိန်းစစ်တမ်း အစီရင်ခံစာကို ဒီကနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့မနက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ထုတ်ပြန်ပြောကြားလိုက်တာပါ။

မြန်မာနိုင်ငံမှာ လက်ရှိ ဘိန်းစိုက်ဧရိယာ ဟက်တာ ၅၅၀၀၀နဲ့ လာအိုမှာ ဟတ်တာ ၅၇၀၀ ရှိပြီး ၂၀၁၅ခုနှစ် မြန်မာ့ဘိန်းထုတ်လုပ်မှုဟာ ခန့်မှန်းချေ ၆၄၇ တန်ရှိကာ နှစ်နိုင်ငံပေါင်းရင် ဘိန်းထုတ်လုပ်မှု မက်ထရစ်တန်ချိန်ပေါင်း ၈၂၃ ရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

၂၀၁၄ ခုနှစ်က မြန်မာ့နိုင်ငံရဲ့ ဘိန်းစိုက် ဧရိယာဟာ စုစုပေါင်း ဟက်တာ ၅၇၆၀၀ ရှိရာက ၂၀၁၅ခုနှစ်မှာတော့ ဟတ်တာ ၅၅၀၀၀ ရှိပြီး အရင်နှစ်ကထက် ၄ ရာခိုင်နှုန်း လောက်လျော့ နည်းကျဆင်းသွားတာဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာဟာ အရှေ့တောင်အာရှမှာ ဘိန်းအများဆုံးစိုက်ပျိုးထုတ်လုပ်တဲ့နိုင်ငံအဖြစ် ဆက်လက်ရှိနေပြီး ကမ္ဘာမှာ အာဖဂန်နစ္စတန်နိုင်ငံပြီးရင် ဒုတိယ အများဆုံး ဘိန်းစိုက်ပျိုးထုတ်လုပ်တဲ့နိုင်ငံအဖြစ် ဆက်ရှိနေဆဲဖြစ်ပါတယ်။

မြန်မာနိုင်ငံ မြောက်ပိုင်းက ပဋိပက္ခဖြစ်တွေဖြစ်နေတဲ့နေရာနဲ့ အပစ်ရပ်လက်နက်ကိုင် အုပ်စုတွေရှိရာရှမ်းပြည်နယ်ဟာ မြန်မာပြည်ရဲ့ ဘိန်းစိုက်ပျိုးကုန်ကူးတဲ့ အဓိက နေရာဖြစ်ပြီး ရွှေတြိဂံဒေသတခုလုံး ဘိန်းစိုက်ပျိုးမှုရဲ့ ၉၁ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။

ယူအန်အိုဒီစီကတော့ ဒေသတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ပြီးခဲ့တဲ့နှစ်တွေက အတိုင်း ပုံမှန်ဆက်လက်တည်ငြိမ်နေတဲ့ အပေါ် အားတက်စရာ အဖြစ်ရှူမြင်ပါတယ်။

ယူအန်အိုဒီစီရဲ့အရှေ့တောင်အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာဌာန ကိုယ်စားလှယ် ဂျရယ်မီ ဒေါက်ဂလပ်စ်က ရွှေတြိဂံဒေသရဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနဲ့ ဘိန်းဖြူနဲ့ ဓာတုဗေဒပစ္စည်း အပြန်အလှန်ကုန်ကူးမှုတွေဟာ ဒေသတည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဆက်လက်စိန်ခေါ်နေတယ်၊ ဒေသရဲ့ ဘိန်းဖြူဝယ်လိုအားဟာ လက်မခံနိုင်စရာ အမြင့်ဆုံး အဆင့်မှာဆက်ရှိနေပြီး နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုကျးလွန်သူတွေဟာ အကြီးအကျယ် အမြတ်ရနေတယ်လို့ ကြေညာချက်ထုတ်ပြန်ပြောပါတယ်။

အရှေ့တောင်အာရှဆိုင်ရာ ယူအန်အိုဒီစီ မူးယစ်ဆေးဝါး အစီအစဉ် အရာရှိ ဦးထွန်းနေစိုး ကတော့ ဘိန်းစိုက်ပျိုးရေးနဲ့ ဆင်းရဲမွဲတေမှု၊ နေထိုင်မှုအခက်အခဲ၊ အိမ်ထောင်စုအကြွေး၊ တခြားနေရာက ၀င်ငွေရပေါက်ရလမ်းမရှိတာတွေဟာ ဆက်နွှယ်နေ တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရပြီး တက်လာမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ သစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အတွက်ကတော့ မူးယစ်ဆေးဝါးပြသနာဟာ စိန်ခေါ်မှု အဖြစ်ရှေ့မှာရင်ဆိုင်ရမယ့် ပြဿ နာကြီးတခုဖြစ်ပြီး အချိန်တိုအတွင်း ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ဂျရယ်မီ ဒေါက်ဂလပ်စ်က ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013