DVB Logo
Home
မြန်မာသတင်း
Miss Tourism Queen ပြိုင်ပွဲ မြန်မာအလှမယ် မိုးယသော် ၀င်ရောက်ယှဉ်ပြိုင်
DVB
·
December 15, 2015
Miss Tourism Queen ပြိုင်ပွဲ မြန်မာအလှမယ် မိုးယသော် ၀င်ရောက်ယှဉ်ပြိုင်
1 / 8
Donate to DVB

မလေးရှားနိုင်ငံမှာ ကျင်းပမယ့် Miss Tourism Queen of The Year International 2015 မယ်ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် မိုးယသော် ၀င်ရောက် ယှဉ်ပြိုင်နေပါတယ်။

Miss Tourism Queen ပြိုင်ပွဲဝင်ရန်အတွက် မြန်မာအလှမယ် မိုးယသော်ဟာ ဒီဇင်ဘာ ၁၂ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က ထွက်ခွာသွားခဲ့ပါတယ်။ ပြိုင်ပွဲကို ဒီဇင်ဘာ ၁၂ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး ဖိုင်နယ်ပွဲကို ဒီဇင်ဘာ ၃၁ ရက်နေ့ ကျင်းပမှာဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီကားကို Charity လေလံအတွက် ယူသွားတယ်လို့ သူမရဲ့ဖေ့ဘုတ်လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။

“Miss Tourism Queen Of The Year International 2015 မလေးရှားမှာ ပြုလုပ်မယ့်ပြိုင်ပွဲမှာ charity လေလံအတွက် သမီးဂုဏ်ယူလေးစားမြတ်နိုးရပါတဲ့ 'အမေစု' ပုံတူပန်းချီကားကို ယူသွားပါတယ်ရှင်။”

ဓာတ်ပုံ - မိုးယသော် ဖေ့ဘုတ်ခ်၊ Miss Tourism Queen Of The Year International 2015

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013