DVB Logo
Home
မြန်မာသတင်း
မချောစန္ဒီထွန်းအပေါ် စွဲဆိုထားသည့်အမှုတခုကို တရားရှင်လွှတ်ပေး
DVB
·
December 14, 2015
မချောစန္ဒီထွန်းအပေါ် စွဲဆိုထားသည့်အမှုတခုကို တရားရှင်လွှတ်ပေး
Donate to DVB

လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှာ စစ်တပ်ရဲ့ ယူနီဖောင်းအရောင်သစ်ပြောင်းတဲ့ အပေါ် သရော်တဲ့သဘောမျိုးရေးသားခဲ့လို့ ဖမ်းဆီးတရားစွဲခံထားရတဲ့ မချောစန္ဒီထွန်းကို ဒီကနေ့ မအူပင်မြို့နယ် တရားရုံးမှာ ၈ ကြိမ်မြောက် ရုံးထုတ်ပါတယ်။

ဒီကနေ့ ရုံးထုတ်မှာ သူ့ကို စွဲဆိုထားတဲ့ ပုဒ်မ ၂ ခု ထဲက ပုဒ်မ ၅၀၀ အသရေဖျက်မှုကို တရားရှင်လွှတ်ပေးလိုက်တယ်လို့ မချောစန္ဒီထွန်းရဲ့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

“ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀ အရ အကြောင်းအရာတူတဲ့ ဒီသီးခြားအမှုကိုတော့ မအူပင်မြို့နယ် တရားသူကြီး ဒေါ်လှမြတ်မွန်က စွဲချက်မတင်ဘဲနဲ့ တရားရှင်လွှတ်လိုက်ပါတယ်။”

ဒါပေမယ့် မချောစန္ဒီထွန်းဟာ ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ)နဲ့ မအူပင်အကျဉ်းထောင်ကနေ ပဲအမှု ဆက်လက်ရင်ဆိုင်ရမှာဖြစ်တယ်လို့လည်း ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

“၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေပုဒ်မအရ ၆၆ (ဃ)အရ စွဲဆိုတဲ့အမှုကိုတော့ စွဲချက်တင်ပြီးတော့ ဖြေရှင်းစေခိုင်းတဲ့အတွက် မချောစန္ဒီထွန်းက သူက ဒီဟာနဲ့ ပတ်သက်ပြီးတော့ ရဲလက်ထဲကိုရောက်မှ အဲလိုပို့စ်ကို တင်ထားတာကိုတွေ့ရတယ်ပေါ့။ သူဒါကို မသိဘူးဆိုပြီးတော့ သူဖြေရှင်းခဲ့ပါတယ်။ ”

ဒီအမှုအတွက် လာမယ့် ဒီဇင်ဘာလ ၂၁ ရက်နေ့ကို ရုံးပြန်ချိန်းဆိုထားပါတယ်။
မချောစန္ဒီထွန်းဟာ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေ တဲ့ပုံနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မိန့်ခွန်းပြောနေတဲ့ပုံတို့ကို တွဲတင်ပြီး စစ်တပ်ရဲ့ ယူနီဖောင်းအရောင်သစ်ကို ဒေါ်အောင်ဆန်းစုကြည် ၀တ်ဆင်တဲ့ ထဘီအရောင်နဲ့ နှိုင်းယှဉ် သရော်ခဲ့လို့ဆိုပြီး အောက်တိုဘာ ၁၂ ရက်နေ့က ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013