DVB Logo
Home
မြန်မာသတင်း
အစိုးရတာဝန် လွှဲပြောင်းရေး ဇန်န၀ါရီလလယ်ပြီးရန် မျှော်မှန်းလုပ်ဆောင်မည်
DVB
·
December 13, 2015
အစိုးရတာဝန် လွှဲပြောင်းရေး ဇန်န၀ါရီလလယ်ပြီးရန် မျှော်မှန်းလုပ်ဆောင်မည်
Donate to DVB

အစိုးရက ဖွဲ့စည်းပေးထားတဲ့ နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းမှု အထောက်အကူပြုကော်မတီနဲ့ အဖွဲ့ချုပ်ရဲ့ အသွင်ကူးပြောင်းရေးအဖွဲ့တို့ တရက်နှစ်ရက် အတွင်း စတင်တွေ့ဆုံပြီး ဇန်န၀ါရီလလယ်လောက် လွှဲပြောင်းပြီးဖို့ မျှော်မှန်းထားတယ်လို့ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ပြောပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေအရက ရွေးကောက်ပွဲအပြီး နောက် ၃ လအတွင်းမှာ နောက် လွှတ်တော်စရမှာ၊ ဒုတိယအကြိမ်လွှတ်တော်ပေါ့၊ အဲ့ဒီတော့ အဲ့ဒီ လွှတ်တော်မစခင်မှာ လွှဲပြောင်းလက်ခံ လုပ်ငန်းတွေ ပြီးဖို့ လိုတယ်။ ရွေးကောက်ပွဲက နိုဝင်ဘာ ၈ ရက်မှာ ပြီးသွားတယ်၊ ဖေဖော်ဝါရီ ၈ ရက်ဆို လွှတ်တော်အသစ် စရတော့မယ်၊ ဇန်န၀ါရီထဲမှာ ကျနော်တို့ ပြီးအောင် ကြိုးစားရမှာ။”

လွှဲပြောင်းလက်ခံခြင်း လုပ်ငန်းတွေကို ဇန်န၀ါရီလလယ်လောက် အပြီးသတ်နိုင်အောင် လိုအပ်ရင် နေ့ရောညပါ လုပ်ဆောင်သွားဖို့ မျှော်မှန်းထားတယ်လို့လည်း ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တာဝန်လွှဲပြောင်းလက်ခံတဲ့နေရာမှာ နှစ်ဘက် ခင်မင်ရင်းနှီးမှုရှိရှိ ရှောရှောရှူရှူဖြစ်ဖို့ လိုလားတယ်လို့လည်း ဆိုပါတယ်။

တာဝန်လွှဲပြောင်းလက်ခံရာမှာ လက်ရှိ အစိုးရ၀န်ကြီးဌာနလုပ်ငန်းတွေကို စနစ်တကျလွှဲပြောင်းကြရမှာဖြစ်ပြီး တာဝန်ကြီးကြောင်းလည်း မှတ်ချက်ပေး ပြောပါတယ်။

ဒီဇင်ဘာ ၂ ရက် သမ္မတ ဦးသိန်းစိန်နဲ့ ရွေးကောက်ပွဲအနိုင်ရပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ရာမှာ အရင် တိုင်းပြည်မှာ မရှိခဲ့တဲ့ နိုင်ငံအကြီးအကဲတာဝန်ကို စနစ်တကျလွှဲပြောင်းပေးရေး အစဉ်အလာကောင်းတခု ထူထောင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

အဲ့ဒီနောက် ဒီဇင်ဘာ ၁၀ ရက်မှာ အစိုးရဘက်က သမ္မတရုံးဝန်ကြီး ဦးလှထွန်းခေါင်းဆောင်တဲ့ နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းမှု အထောက်အကူပြုကော်မတီဆိုတာကို ဖွဲ့စည်းတာဝန်ပေးခဲ့သလို အဖွဲ့ချုပ်ဘက်ကလည်း ဦးဝင်းထိန်ခေါင်းဆောင်တဲ့ အသွင်ကူးပြောင်းရေးအဖွဲ့ကို တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013