
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်တွေမှာ အခုနှစ် ပွင့်လင်းရာသီ မီးဘေးလုံခြုံရေးအတွက် မီးငြှိမ်းသတ်ရေး လေ့ကျင့်ခန်းတွေ ပြုလုပ်နေကြပါတယ်။
မြိတ်မြို့နယ်ရှိ ဆိပ်ငယ်ဈေးကြီးနဲ့ မြိတ်တောင်နယ်မြေ၊ မြို့သစ်ရပ်ကွက်ရှိ မြို့သစ်ဈေး (သီဟဇေယျာဈေး) တွေမှာ ဒီဇင်ဘာလ ၁၃ ရက်နေ့က စလို့ မီးငြှိမ်းသတ်ရေး လေ့ကျင့်မှုတွေ ဆက်တိုက်ပြုလုပ်သွားမယ်လို့ ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းက ပြောပါတယ်။
အရေးပေါ် မီးလောင်ကျွမ်းမှုဖြစ်ပေါ်လာပါက အချိန်နဲ့တပြေးညီ တပိုင်တနိုင် ပူးပေါင်း မီးငြှိမ်းသတ်နိုင်ဖို့အတွက် အခလို လေ့ကျင့်နေတာလို့ ဆိုပါတယ်။
သတင်းဓာတ်ပုံ - ကိုဘိတ်(မြိတ်)










