DVB Logo
Home
မြန်မာသတင်း
အစိုးရသစ်နှင့် လွှတ်တော်ကို ကူညီရန် အရပ်ဘက်အဖွဲ့ ဖွဲ့စည်း
DVB
·
December 13, 2015
အစိုးရသစ်နှင့် လွှတ်တော်ကို ကူညီရန် အရပ်ဘက်အဖွဲ့ ဖွဲ့စည်း
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်မယ့် အစိုးရနဲ့ လွှတ်တော်တွေကို လွှတ်တော်ပြင်ပကနေ ကူညီနိုင်ဖို့အတွက် လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးက ဖွံ့ဖြိုးတိုးတက်ရေး လူမှု အထောက်အကူပြုအသင်းကို ပြည်ထဲရေးဝန်ကြီးဌာနမှာ မှတ်ပုံတင်လိုက်ပြီ ဖြစ်ပါတယ်။

“လွှတ်တော်ကိုယ်စားလှယ်ဘ၀က လုပ်ခွင့်မရခဲ့တဲ့ ကိစ္စတွေအများကြီးရှိပါတယ်။ ဒါ ဥပဒေအရပါ။ ပြည်တွင်းငြိမ်းချမ်းရေး၊ အလုပ်သမားကိစ္စ၊ လယ်သမားကိစ္စ၊ ကျောင်းသားကိစ္စ၊ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ ကိစ္စများစွာကို လုပ်ခွင့်မရခဲ့ပါဘူး။ ဒါတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်မယ်။ ဒါ့အပြင် နိုင်ငံတော် အစိုးရအသစ်နဲ့ လွှတ်တော်အသစ်ရဲ့ လိုအပ်ချက်တွေ၊ အားနည်းချက်တွေ၊ ဒါတွေကို ၀ိုင်းဝန်းကူညီပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်စေဖို့ လွှတ်တော်ရဲ့ ပြင်ပကနေ အခန်းကဏ္ဍတခုဖွင့်လှစ်ပြီး ကူညီမှာပါ”လို့ အဖွဲ့ကို ဦးဆောင်ဖွဲ့စည်းတဲ့ ရွှေပြည်သာမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိလွှတ်တော်က ရလာတဲ့ အတွေ့အကြုံတွေကိုယူပြီး နောင်လာမယ့် အစိုးရနဲ့ လွှတ်တော်ရဲ့ အားနည်းချက်၊ အားသာချက်တွေကို ထောက်ပြပေးသွားမယ်လို့လည်း သူက ဆိုပါတယ်။

လက်ရှိ လွှတ်တော်တွေရဲ့ သက်တမ်းဟာ ဇန်န၀ါရီ ၃၁ ရက်မှာ ကုန်ဆုံးမှာဖြစ်ပြီး အစိုးရသက်တမ်းကတော့ မတ်လမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

“အဖွဲ့စတင်ဖွဲ့စည်းစဉ်မှာတော့ မီဒီယာတွေပါမယ်၊ ရှေ့နေတွေပါမယ်၊ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား စသူတွေပါပါတယ်" လို့ ဦးတင်မောင်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၈၀ ရာခိုင်နှုန်း အနိုင်ရရှိထားတာပါ။

ဒီလို လုပ်ဆောင်တာကို ကြိုဆိုပါတယ်လို့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“အစိုးရနဲ့လွှတ်တော်ကို ကူညီဖို့ အဖွဲ့ဖွဲ့တယ် ဆိုရင်တော့ သဘောရင်းနဲ့ ဆိုရင်တော့ ကြိုဆိုလက်ခံရမှာပေါ့။ ဘာမှကန့်ကွက်စရာအကြောင်းမရှိဘူး။ သူလည်း ပြီးခဲ့တဲ့လွှတ်တော်မှာ တတ်နိုင်သမျှ တာဝန်ကြိုးစား ထမ်းဆောင်ခဲ့တာပဲ။ အဲဒါကြောင့် နောက်လာမယ့် အစိုးရရော၊ လွှတ်တော်ရော ကူညီပေးမယ်ဆိုရင်တော့ ကျနော်တို့က ကြိုဆိုမယ်။ သူတို့ရဲ့အကြံဉာဏ်တွေကိုလည်း တန်ဖိုးထားရမှာပေါ့” လို့  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ဒီဗွီဘီကို ပြောပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် တစ်ယောက်ဖြစ်တဲ့ ဦးတင်မောင်ဦးဟာ လွှတ်တော်ရဲ့ ကော်မတီတွေမှာ တာဝန်ယူနေတာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိ သမ္မတနဲ့ မကြာခင်က တွေ့ဆုံဆွေးနွေးခဲ့ပြီး နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းမှု အထောက်အကူပြုကော်မတီကိုလည်း ဖွဲ့စည်းထားပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013