
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့မဲဆန္ဒနယ်ဖြစ်တဲ့ ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်မှာ ဒီဇင်ဘာ ၁၃ ရက်နေ့က အမှိုက်ကောက် လှုပ်ရှားမှု ပြုလုပ်နေပါတယ်။
ကော့မှူးစာကြည့်တိုက်ရှေ့ကနေစတင်ပြီး လမ်းဘေးတလျှောက်က အမှိုက်တွေကို ကောက်ယူသွားခဲ့ပါတယ်။
ဒီဇင်ဘာလဆန်းပိုင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ရွေးကောက်ခံ အန်အယ်လ်ဒီကိုယ်စားလှယ်တွေ ရန်ကုန်မှာ တွေ့ဆုံခိုက် ဒေါ်စုက ကိုယ်စားလှယ်တွေ အမှိုက်ကောက်ကြဖို့ နှိုးဆော်ခဲ့တာပါ။
ဒီဇင်ဘာ ၁၂ ရက်နေ့မှာလည်း နိုင်ငံတ၀န်းမှာရှိတဲ့ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေနဲ့ ဒေသခံပြည်သူ၊ သက်ဆိုင်ရာ စည်ပင်သာယာအဖွဲ့တွေ ပူးပေါင်းပြီး အမှိုက်ကောက်နေကြပါတယ်။
ဓာတ်ပုံ - ကောင်းထက်ကျော်










