DVB Logo
Home
မြန်မာသတင်း
အိုက်အက်စ် မ၀င်ရောက်နိုင်ရန် ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့တွင် လုံခြုံရေးတိုးမြှင့်
DVB
·
December 12, 2015
အိုက်အက်စ် မ၀င်ရောက်နိုင်ရန် ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့တွင် လုံခြုံရေးတိုးမြှင့်
1 / 2
Donate to DVB

ထိုင်း-မြန်မာနယ်စပ်ဘက်ကနေ အိုင်အက်စ်စစ်သွေးကြွတွေ မဝင်ရောက်နိုင်အောင် ကြိုတင် တားဆီးတဲ့အနေနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က  လုံခြုံရေး တိုးမြှင့်ဆောင်ရွက်နေပါတယ်။

ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့မှာ နယ်စပ်ကနေ ဘာသာရေးအစွန်းရောက် အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်တွေ ဝင်ရောက်လာမှု မရှိရလေအောင် လုံခြုံရေး တိုးမြှင့်ဆောင်ရွက်တဲ့နေရာမှာ ဒေသခံ အစ္စလာမ်ဘာသာဝင်တွေကို လက်တွဲဆောင်ရွက်ကြဖို့ မြဝတီခရိုင်ရဲတပ်ဖွဲ့က တွေ့ဆုံဆွေးနွေးခဲ့တာပါ။

မြ၀တီမြို့ ဒုတိယရဲမှူးကြီး မိုးညိုက “အစ္စလာမ်အစွန်းရောက်အဖွဲ့ အိုင်အက်စ်က တကမ္ဘာလုံး နိုင်ငံအတော်များများမှာ ဖောက်ခွဲဖျက်ဆီးတာတွေ၊ အကြမ်းဖက်မှုတွေ လုပ်နေတာကြောင့် လူတဦးတယောက်ရဲ့ မကောင်းမှုကြောင့် အေးချမ်းစွာနေထိုင်တဲ့ တိုင်းသူပြည်သားအများစုအနေနဲ့ အဖျက်အမှောင့်မခံရအောင် အရေးကြီးပါတယ်။ ကြိုတင်ကာကွယ်မှုအနေနဲ့ ဆွေးနွေးတယ်၊ ပြောပြတယ်။ ဖြစ်လာမှ လုပ်တာထက် မဖြစ်ခင် လုပ်တာက ပိုပြီးအောင်မြင်မှုလည်း ရှိပါတယ်။ နားလည်း နားလည်ကြပါတယ်။”

ဒီဇင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းက မြဝတီမြို့ အစ္စလာမ်ဘာသာရေး ကျောင်းဆောင်မှာ မြဝတီခရိုင်ဒုတိယရဲမှူးကြီး နဲ့အဖွဲ့တွေက ဒေသခံ အစ္စလာမ် ဘာသာရေး အသင်းအဖွဲ့ တာဝန်ရှိသူတွေနဲ့ သွားရောက်တွေ့ဆုံခဲ့တာပါ။

[caption id="attachment_126647" align="alignright" width="378"]ကိုဇော်ဝင်း ကိုဇော်ဝင်း[/caption]

မြဝတီမြို့နယ်အစ္စလာမ် ဘာသာရေးကျောင်း ဥက္ကဋ္ဌ ကိုဇော်ဝင်းက “မြ၀တီနယ်စပ်ပေါက်ကနေ ၀င်လာဖို့တော့ မဖြစ်နိုင်ဘူး။ ကျနော်တို့ မြ၀တီမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေကလည်း ဒီဟာကို လုံးဝ စိတ်မ၀င်စားဘူး၊ တချို့ဆို အိုင်အက်စ်ကို ဘာမှန်းတောင် မသိကြဘူး။ ကျနော်တို့ မြ၀တီမြို့ကတော့ အစွန်းရောက်အဖျက်သမားတွေကို လုံးဝ အားမပေးတာတော့ အာမခံတယ်” လို့ ပြောပါတယ်။

မြဝတီမြို့ဟာ နယ်စပ်မြို့ ဖြစ်တာကြောင့် လုံခြုံရေးအထူးဂရုစိုက်ရပြီး တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတွေရဲ့ သတင်းပေးပို့မှုအရ လုံခြုံရေး တိုးမြှင့်ထားပြီး မသင်္ကာဖွယ်ရာ လူတွေ ဝင်ရောက်လာခဲ့ရင် အချိန်မီ သတင်းပေးပို့နိုင်ရေး၊ တရားဥပဒေ စိုးမိုးရေုးဆိုင်ရာ ပြဿနာတွေ တွေ့ရှိခဲ့ရင်လည်း အမြန်ဆုံးသတင်းပေးပို့စေလိုကြောင်း ပြောကြားခဲ့ပါတယ်။

မြဝတီခရိုင်အတွင်းမှာ အစ္စလာမ်ဘာသာဝင် သုံးသောင်းအထက်  ရှိပြီး အစ္စလာမ် ဘုရားရှိခိုးကျောင်းတကျောင်းနဲ့ အစ္စလာမ်ဘာသာရေးဆိုင်ရာ ပညာသင်ကြားရေးနေရာ  ၇ နေရာ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013