ရနောင်းတွင် စိတ်ကြွဆေး ရောင်းဝယ်မှုဖြင့် မြန်မာအမျိုးသမီး ဖမ်းဆီးခံရ
DVB
·
December 12, 2015
ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းမြို့နယ်မှာ စိတ်ကြွဆေးပြား ရောင်းဝယ်ရေး လုပ်ကိုင်နေသူဟု ယူဆရတဲ့ အသက် ၃၃ နှစ်အရွယ် မသူဇာဝင်းကို ထိုင်းအာဏာပိုင်တွေက ဒီကနေ့ မနက်ပိုင်းမှာ ဖမ်းဆီးလိုက်ပါတယ်။
သူမကို ရနောင်းမြို့နယ်မှာရှိတဲ့ နေအိမ်တအိမ်မှာ သက်သေခံ ပစ္စည်းတွေဖြစ်တဲ့ စိတ်ကြွဆေးပြား ၃၉ လုံးနဲ့အတူ ထိုင်းအာဏာပိုင်တွေက ၀င်ရောက်ဖမ်းဆီးရမိခဲ့တာ ဖြစ်ကြောင်း ထိုင်းဒေးလီနယူး သတင်းဌာနမှာ ဖော်ပြထားပါတယ်။
သတင်းအရ စိတ်ကြွဆေးပြားတွေကို ရနောင်းမြို့မှာရှိတဲ့ ကာလာအိုကေဆိုင်နဲ့ ရေလုပ်သားတချို့ကို ရောင်းချနေတာ ၄ လလောက် ရှိပြီး ဖြစ်ကြောင်း သိရပါတယ်။
လတ်တလော သူမကို စိတ်ကြွဆေးပြားတွေ လက်ဝယ်ထားရှိမှုနဲ့ ဥပဒေအရ အရေးယူသွားမယ်လို့ သတင်းမှာ ရေးသားထားပါတယ်။