DVB Logo
Home
မြန်မာသတင်း
ဘတ်ငွေ တရားမ၀င်ကိုင်ဆောင်မှုဖြင့် တာချီလိတ်ကုန်သည်ကြီးများအသင်း ဒု-ဥက္ကဋ္ဌ ဖမ်းဆီးခံရ
DVB
·
December 12, 2015
ဘတ်ငွေ တရားမ၀င်ကိုင်ဆောင်မှုဖြင့် တာချီလိတ်ကုန်သည်ကြီးများအသင်း ဒု-ဥက္ကဋ္ဌ ဖမ်းဆီးခံရ
Donate to DVB

ထိုင်းဘတ်ငွေ တရားမ၀င် ကိုင်ဆောင်မှုနဲ့ ဒီဇင်ဘာ ၉ ရက်နေ့က အဖမ်းခံထားရတဲ့ ရှမ်းပြည်နယ် တာချီလိတ်မြို့မှ နယ်စပ်ကုန်သည်ကြီးများ အသင်း ဒု ဥက္ကဋ္ဌ ဒေါ်နန်းစံသာ ကို ဘတ်ငွေ ၂ သိန်း အာမခံနဲ့ ထိုင်း အာဏာပိုင်တွေက ပြန်လွှတ်ပေးလိုက်ပါတယ်။

သူမဟာ မယ်ဆိုင်မြို့ လူဝင်မှု ကြီးကြပ်ရေး ဦးစီဌာန (လ၀က) စစ်ဆေးရေး ဂိတ်မှာ ဘတ်ငွေ ၁၁ သန်းနဲ့ အတူ အဖမ်းခံရပြီးနောက် အာမခံနဲ့ အခုလို ပြန်လွတ်ပေးလိုက်တာ  ဖြစ်ပါတယ်။

ထိုင်း ဥပဒေအရ နယ်စပ်မှ တဆင့် ဖြတ်သန်းသွားရာမှာ ဘတ်ငွေ ၅ သိန်း အထက် ကိုင်ဆောင်ပါက ထိုင်းအာဏာပိုင်တွေကို ကြိုတင် အသိပေး အကြောင်းကြားရကြောင်း သိရပါတယ်။

ဘတ်ငွေ ၁၁ သန်းကို မယ်ဆိုင်မြို့နယ်က ဆောက်လုပ်ရေး လုပ်ငန်းရှင် တဦးကို အကြွေးပေးဖိုအတွက် ဒီငွေတွေကို ယူဆောင်လာတာဖြစ်ကြောင်း ဒေါ်နန်းစံသာက ပြောကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013