DVB Logo
Home
မြန်မာသတင်း
ရေကြီးရေလျှံမှုကြောင့် ဒေါ်လာသန်း ၁ ဒသမ ၅ ဘီလီယံ ထိခိုက်ဆုံးရှုံး
DVB
·
December 12, 2015
ရေကြီးရေလျှံမှုကြောင့် ဒေါ်လာသန်း ၁ ဒသမ ၅ ဘီလီယံ ထိခိုက်ဆုံးရှုံး
Donate to DVB

အခုနှစ် နိုင်ငံအတွင်း ရေကြီးရေလျှံမှုတွေကြာင့် ထိခိုက်နစ်နာခဲ့တဲ့ စီးပွားရေးတန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁ ဒသမ ၅ ဘီလီယံ ရှိပြီး ပြန်လည်ထူထောင်ရေးအတွက် လိုအပ်ချက်ဟာလည်း အဲ့ဒီ ပမာဏလောက်ပဲ ရှိလိမ့်မယ်လို့ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ပြောပါတယ်။

နေပြည်တော်မှာ မနေ့က လုပ်တဲ့ ရေကြီးရေလျှံမှုများ ဆန်းစစ်ချက်အစီရင်ခံစာ ထုတ်ပြန်တဲ့ အခမ်းအနားမှာ သူက ခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံအတွင်း ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုတွေနဲ့ မြေပြိုမှုအတွင်း လူ ၂ သန်းလောက် ဘေးဒုက္ခ ရောက်ခဲ့ကြတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဇူလိုင်နဲ့ သြဂုတ်လအတွင်း ပြည်နယ်တိုင်း ၁၂ ခုလောက်မှာ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်တို့မှာ နောက်ဆက်တွဲ မြေပြိုမှုတွေပါ ဖြစ်ပွားခဲ့ပါတယ်။

ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုဒဏ်ကို စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ ဆိုးဆိုးဝါးဝါး ခံစားခဲ့ကြရပြီး အဲ့ဒီသဘာဝဘေးဒဏ်အတွင်း လူ ၁၃၀ လောက် သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013