DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်မှူးကြီးဟောင်းနှင့် ဒေါ်စုတွေ့ဆုံမှု အကျိုးရှိဟု ဦးရွှေမန်း ပြော
DVB
·
December 12, 2015
ဗိုလ်ချုပ်မှူးကြီးဟောင်းနှင့် ဒေါ်စုတွေ့ဆုံမှု အကျိုးရှိဟု ဦးရွှေမန်း ပြော
Donate to DVB

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေဟာ အာဏာ မရှိတော့ပေမယ့် သြဇာရှိသေးတဲ့အတွက် သူနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုဟာ အကျိုးရှိတယ်လို့ လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောပါတယ်။

ဒီဇင်ဘာ ၁၁ ရက်က နေပြည်တော်၊ ဇေယျာသီရိမြို့နယ်လူထုနဲ့ ဦးရွှေမန်း တွေ့ဆုံပွဲအပြီး မီဒီယာကို အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

“ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေဆိုတာက ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့တဲ့နေရာမှာ အဓိကကျတဲ့ ပုဂ္ဂိုလ် ဖြစ်တယ်၊ တနည်းအားဖြင့် ပြောမယ်ဆိုရင် ဒီနိုင်ငံ ပါတီစုံ ဒီမိုကရေစီပြောင်းလဲဖို့အတွက် အဓိက ဦးဆောင်ပေးခဲ့သူလည်း ဖြစ်တယ်။ ဒါကြောင့်မို့လို့ သူဟာ ဒီနေ့ အာဏာမရှိတော့ဘူးဆိုပေမယ့် သြဇာရှိတဲ့ ပုဂ္ဂိုလ်တဦးဖြစ်တယ်၊ ဒါကြောင့်မို့လို့ ဒီလို တွေ့ဆုံမှုတွေဟာ အင်မတန် ကောင်းပါတယ်။”

ဦးရွှေမန်းဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဖြစ်ဖို့ စီစဉ်ပေးခဲ့သူလို့ သတင်းတွေ ထွက်ပေါ်ခဲ့သူ ဖြစ်ပါတယ်။

သမ္မတရဲ့ ပြောခွင့်ရသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကတော့ ဒီ့မတိုင်မီ မီဒီယာနဲ့တွေ့ဆုံရာမှာ ဗိုလ်ချုပ်မှူးကြီးဟောင်းနဲ့ ဒေါ်စုတို့ တွေ့ဆုံမှုကို အစိုးရက ကြိုတင် မသိသလို သူတို့နှစ်ယောက် တွေ့ဆုံမှုဟာလည်း အစိုးရတာဝန်လွှဲပြောင်းမှုအပေါ် သြဇာ သက်ရောက်မှု ရှိမှာ မဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုထားတာ ဖြစ်ပါတယ်။

၂၀၁၅ ခု ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာ ၂ ရက်မှာ သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပြီး အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ ဒီဇင်ဘာ ၄ ရက်မှာ တွေ့ဆုံ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် လွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ ၈ ကြိမ်ထက်မနည်း သီးသန့်တွေ့ဆုံခဲ့ပြီး လွှတ်တော် ၂ ရပ်စလုံးက ဥက္ကဋ္ဌ တွေနဲ့လည်း ၁ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013