DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် စစ်တပ်နှင့် ARSA ထောင်ထားသည့် မိုင်းများကြောင့် ဒေသခံများ အခက်တွေ့
DVB
·
July 27, 2026
Photo: APM
Photo: APM
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ စစ်အာဏာရှင်တပ် ထောင်ခဲ့တဲ့ မိုင်းတွေ အပါအဝင် ရိုဟင်ဂျာ ARSA အဖွဲ့ ထောင်ထားတဲ့ မိုင်းတွေကြောင့် ဒေသခံတွေ လုပ်ကိုင်စားသောက်ဖို့ အခက်တွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မောင်တောမြို့နယ်မှာ အရင် စစ်အာဏာရှင်တပ် တပ်စွဲခဲ့တဲ့ နေရာတွေ၊ တပ်ရင်းတွေ၊ လယ်ကွင်းတွေနဲ့ ဒေသခံတွေ သွားလာလုပ်စားနေတဲ့ တောတောင်ယာခင်းတွေမှာ စစ်တပ်နဲ့ ARSA အဖွဲ့တွေ ထောင်ခဲ့တဲ့ မြေမြှုပ်မိုင်းတွေကြောင့် ဒေသခံတွေ လုပ်ကိုင်စားသောက်ဖို့ အခက်အခဲ ဖြစ်နေတယ်လို့ မောင်တောဒေသခံ မွတ်စလင်အမျိုးသားတယောက်က ပြောပါတယ်။

“နွားကျောင်းဖို့တောင် မသွားရဲဘူး၊ လယ်ကွင်းတွေမှာ မိုင်းရှိလို့။ အရင်ကလည်း နွားကျောင်းရင်း မိုင်းနင်းမိလို့ ခြေထောက်ပြတ်တာ သေတာတွေ ရှိတယ်။ သူတို့ထောင်တဲ့ နေရာတွေကလည်း ကျနော်တို့ ဒေသခံတွေ သွားလာတဲ့နေရာတွေ။ ဒါပေမဲ့ ဝမ်းရေးအတွက်ကျလာတော့ အန္တရာယ်ကို မကြောက်နိုင်တော့ဘူး၊ သွားနေကြရတာပဲ။”

အခုလို ဒေသခံတွေ သွားလာတတ်တဲ့နေရာ၊ လုပ်ကိုင်စားသောက်နိုင်တဲ့ တော၊ တောင်တွေမှာ စစ်တပ်နဲ့ ARSA က ထောင်ထားခဲ့တဲ့ မိုင်းတွေကြောင့် လူထိခိုက်သေဆုံးမှု ရှိနေပြီး အဲဒီမြေမြှုပ်မိုင်းတွေကို အာရက္ခတပ်တော် (AA) က ရှင်းလင်းပေးနေတယ်လို့ AA နဲ့ နီးစပ်သူ အမျိုးသားတယောက်က ‌ပြောပါတယ်။

“ဒေသခံတွေဘက်ကလည်း မိုင်းရှင်းပေးပါလို့ တောင်းဆိုတာတွေကြောင့် AA ဘက်က အများပြည်သူ သွားလာတတ်တဲ့နေရာတွေ၊ စစ်တပ် တပ်ရင်းဟောင်းတွေ အနီးအနားတွေကို တသုတ်ချင်းစီ ရှင်းပေးနေပါတယ်။ တခြားနေရာတွေ၊ မြို့နယ်တွေမှာလည်း ရှင်းပေးနေပါတယ်။”

မောင်တောမြို့နယ်အတွင်းမှာ အာရက္ခတပ်တော် (AA) က မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်ခဲ့ရာ ဇူလိုင် ၂၅ ရက် မနက်က မြေမြှုပ်မိုင်း ၆၇ လုံးကို ရှင်းလင်း ဖယ်ရှားနိုင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ AA ရှင်းပေးခဲ့တဲ့ မြေမြှုပ်မိုင်းတွေဟာ မောင်တောမြို့နယ်အတွင်းရှိ မွတ်ဆလင် ကျေးရွာတွေဖြစ်ကြတဲ့ ဇူလာ၊ ဟိုရီတာလာ၊ အီတာလီယာနဲ့ ဇောင်တီလာ စတဲ့ မွတ်စလင်ကျေးရွာတွေကို ဆက်သွယ်ထားတဲ့ ကျေးရွာချင်းဆက်လမ်းတွေ တလျှောက်မှာ ထောင်ထားတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဇူလိုင် ၄ ရက်ကလည်း မောင်တောမြို့နယ်အတွင်းမှာ ထောင်ထားခဲ့တဲ့ M-14 အမျိုးအစား မြေမြှုပ်မိုင်း ၃၅ လုံးကိုလည်း အာရက္ခတပ်တော်က ရှင်းလင်းဖယ်ရှားနိုင်ခဲ့တယ်လို့ သိရပါတယ်။

မိုင်းနဲ့ စစ်ကျန်လက်နက်အန္တရာယ် လျော့ပါးစေရေးအတွက် ဒေသခံတွေကို အသိပညာပေး ဟောပြောပွဲတွေ ပြုလုပ်ပေးတာ၊ မိုင်းအန္တရာယ် သတိပေးဆိုင်းဘုတ်တွေ စိုက်ထူတာနဲ့ အသိပညာပေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာတို့ကို ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013