DVB Logo
Home
မြန်မာသတင်း
အစိုး​ရတပ်က အကျဉ်း​သား​ပေါ်တာများ​ကို မိုင်း​ရှင်း​ကိရိယာအဖြစ် အသုံး​ပြုဆဲ
DVB
·
July 13, 2011
အစိုး​ရတပ်က အကျဉ်း​သား​ပေါ်တာများ​ကို မိုင်း​ရှင်း​ကိရိယာအဖြစ် အသုံး​ပြုဆဲ
Donate to DVB

မြန်မာအစိုး​ရသစ် လက်ထက်မှာ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှု​တွေ ဆက်လက်ဖြစ်ပွား​နေတာ​ကြောင့်​ ကုလသမဂ္ဂစုံစမ်း​ရေး​ ​ကော်မရှင်တရပ် ဖွဲ့​စည်း​ စစ်​ဆေး​ဖော်ထုတ်နိုင်​ရေး​ အ​ဆောတလျင်​ဆောင်ရွက်ကြဖို့​ လူ့​အခွင့်​အ​ရေး​အဖွဲ့​တွေက အစီရင်ခံစာထုတ်ပြန်ပြီး​ နိုင်ငံတကာကို တိုက်တွန်း​လိုက်ပါတယ်။

ဒီအစီရင်ခံစာကို ကရင်လူ့​အခွင့်​အ​ရေး​အဖွဲ့​ (KHRG) နဲ့​ လူ့​အခွင့်​ရေး​ ​စောင့်​ကြည့်​သူများ​အဖွဲ့​ (HRW) တို့​ပူး​ပေါင်း​ပြီး​ Dead man walking ဆိုတဲ့​ အမည်နဲ့​ ဒီက​နေ့​ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒီအစီရင်ခံစာဟာ ကရင်ပြည်နယ်အတွင်း​မှာ အစိုး​ရတပ်​တွေက အကျဉ်း​သား​ပေါ်တာ​တွေကိုသုံး​ပြီး​ လူသား​မိုင်း​ရှင်း​ကိရိယာအဖြစ် သုံး​တာ​တွေအပါအဝင် လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှု​တွေကို ဆက်လက်ကျူး​လွန်​နေတာ​တွေကို အင်တာဗျုး​တွေနဲ့​ တင်ပြထား​ပါတယ်။

အကျဉ်း​သား​တွေကို ​ပေါ်တာအဖြစ်ခိုင်း​စေတဲ့​နေရာမှာ စစ်တပ်​တွေ သာမက ​ထောင်အာဏာပိုင်​တွေ၊​ ရဲ​တွေနဲ့​ အစိုး​ရဝန်ထမ်း​တွေကလည်း​ လူအခွင့်​အ​ရေး​ ချိုး​ဖောက်မှု​တွေ ကျူး​လွန်​နေတာလို့​ အစီရင်ခံစာက ​ပြောပါတယ်။

ဒီအစီရင်ခံစာဟာ မြန်မာနိုင်ငံဆိုင်ရာ လူ့​အခွင့်​အ​ရေး​ကော်မရှင်တရပ် ​ပေါ်ထွန်း​အောင် နိုင်ငံတကာကို တိုက်တွန်း​တာလို့​ ကရင်လူ့​အခွင့်​အ​ရေး​အဖွဲ့​ရဲ့​ ​ပြောခွင့်​ရသူ ​စောဖိုး​ဇော်က ​ပြောပါတယ်။

“ကုလသမဂ္ဂက မြန်မာနိုင်ငံမှာ လူ့​အခွင့်​အ​ရေး​အ​ခြေအ​နေ​တွေနဲ့​ ပတ်သက်ပြီး​တော့​ စုံစမ်း​စစ်​ဆေး​ရေး​ ​ကော်မရှင်ဖွဲ့​ဖို့​ ကိစ္စကို တချို့​ ဥ​ရောပနိုင်ငံ​တွေနဲ့​ ​ထောက်ခံတာ​တော့​ ရှိတယ်။ ဒါ​ပေမယ့်​ သူတို့​ ​ရှေ့​ဆက်ပြီး​ ​ခြေလှမ်း​လှမ်း​ဖို့​ကို​တော့​ တွန့်​ဆုတ်​နေတာ​တွေ ​တွေ့​ရတယ်။ ဒါ​ကြောင့်​ လူမဆန်တဲ့​ စစ်ရာဇဝတ်မှု​တွေ ​ပျောက်သွား​ဖို့​ကို အစိုး​ရသစ်က အ​ပြောင်း​အလဲ​တွေ လုပ်လာလိမ့်​မယ်လို့​ ​မျှော်လင့်​နေမယ့်​အစား​ ဒီဟာကို ဝိုင်း​ဝန်း​ပြီး​တော့​ ပံ့​ပိုး​ပေး​စေချင်တယ်။”

အခုနှစ်ဆန်း​ပိုင်း​က ကရင်ပြည်နယ် မြဝတီမြို့​နယ်အတွင်း​ အစိုး​ရတပ်နဲ့​ တိုး​တက်​သော ဗုဒ္ဓဘာသာကရင်အမျိုး​သား​တပ်မ​တော် (ဒီ​ကေဘီ​အေ) အကြား​ ဖြစ်ပွား​တဲ့​တိုက်ပွဲအတွင်း​ အစိုး​ရတပ်ဘက်က အကျဉ်း​သား​ပေါ်တာကို အသုံး​ပြုခဲ့​ပါတယ်။

အကျဉ်း​သား​ ​ပေါ်တာအဖြစ်က​နေ ထွက်​ပြေး​လာသူတဦး​က “ဗုံး​ခြင်း​တွေ၊​ ကျည်ဆန်ခြင်း​တွေ၊​ ဆန်အိတ်​တွေ၊​ သူတို့​ရဲ့​ ​ကျောပိုး​အိတ်​တွေ သယ်ရတယ်။ ​ရေကိုလည်း​ အဆင်း​အတက် မကြာခဏ ခပ်ခိုင်း​တယ်။ ထမင်း​လည်း​ မ​ကျွေး​ဘူး​။ တခါတ​လေလည်း​ ထမင်း​ငတ်တယ်။ တခါတ​လေလည်း​ မနက်ခင်း​ပိုင်း​ ထမင်း​စား​ပြီး​ တ​နေကုန် ​နေရတယ်။ ​ရေက သူတို့​ကို ခပ်​ပေး​ရပြီး​ ကိုယ့်​ကျ​တော့​ ပြန်မတိုက်ဘူး​။ ၄၀ ​ကျော် ၅၀ ​ကျော် အဘိုး​ကြီး​တွေလည်း​ပါတယ်။ အဲဒါမျိုး​တွေကို မထည့်​သင့်​ပါဘူး​။ ကျ​နော်တို့​လို လူငယ်​တွေ​တောင် မလုပ်နိုင်တာ။ အဘိုး​ကြီး​တွေဆို မကြာခင်​သေ​တော့​မယ်။ ကျ​နော်တို့​ကို တိရစ္ဆာန်တ​ကောင်လိုထက်​တောင် ပိုပြီး​တော့​ နှိပ်စက်​နေတယ်။ ကျ​နော်တို့​လည်း​ ​တောင်သူလယ်သမား​တွေပါ၊​ ကျွဲနွား​တောင်မှ အဲဒီ​လောက် ရက်ရက်စက်စက်မခိုင်း​ခဲ့​ပါဘူး​” လို့​ ​ပြောပါတယ်။

မြန်မာအစိုး​ရအ​နေနဲ့​ ​ရွေး​ကောက်ပွဲပြုလုပ်ပြီး​ ဒီမိုက​ရေစီစနစ်နဲ့​အညီ အရပ်သား​အစိုး​ရ ​ပေါ်​ပေါက်လာပြီလို့​ ​ကြွေး​ကြော်​နေ​ပေမယ့်​ လက်​တွေ့​မှာ နိုင်ငံအတွင်း​ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှု​တွေ ဆက်လက်ဖြစ်ပွား​နေတယ်လို့​ ကရင်လူ့​အခွင့်​အ​ရေး​အဖွဲ့​ရဲ့​ ဒါရိုက်တာ ​စောဖိုး​ရှဲက အခုလို ​ပြောပါတယ်။

“အစိုး​ရကျင်း​ပတဲ့​ ​ရွေး​ကောက်ပွဲပြီး​လို့​ အစိုး​ရသစ်ဖြစ်​နေ​ပေမယ့်​ မြန်မာနိုင်ငံတွင်း​က လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှု​တွေ ​လျော့​မသွား​တဲ့​အပြင် ပိုပြီး​ဖြစ်ပွား​နေပါတယ်။ ဒါ​ကြောင့်​ နိုင်ငံတကာအ​နေနဲ့​ မြန်မာနိုင်ငံတွင်း​ဖြစ်ပွား​နေတဲ့​ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှု​တွေကို အနီး​ကပ်​စောင့်​ကြည့်​ဖို့​ လိုတယ်။ ကျ​နော်တို့​အ​နေ နဲ့​က​တော့​ ​ပေါ်တာအသုံး​ပြု​နေတဲ့​ အစိုး​ရတပ်ရဲ့​ ကရင်ပြည်တွင်း​ ထိုး​စစ်ဆင်မှုကို ရပ်တန့်​ဖို့​ လိုလား​ပါတယ်။ နိုင်တကာအ​နေနဲ့​လည်း​ ဒီအချက်အလက်ကို ယူပြီး​ မြန်မာ အစိုး​ရကို လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှု ပ​ပျောက်တဲ့​အထိ ပိတ်ဆို့​အ​ရေး​ယူမှု​တွေလုပ်ဖို့​ လိုလား​ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013