DVB Logo
Home
မြန်မာသတင်း
အရည်အသွေး အာမခံချက်မရှိသည့် သောက်ရေသန့် ၂၂ မျိုးကို အရေးယူမည်
DVB
·
December 11, 2015
အရည်အသွေး အာမခံချက်မရှိသည့် သောက်ရေသန့် ၂၂ မျိုးကို အရေးယူမည်
Donate to DVB

ပြည်တွင်းဈေးကွက်မှာ ဖြန့်ဖြူးရောင်းချနေတဲ့ အရေအသွေးအာမခံချက်မရှိတဲ့ သောက်ရေ သန့် ၂၂ မျိုးကို ကျန်းမာရေးဝန်ကြီးဌာနက အများပြည်သူသိအောင် အသိပေး ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အာမခံချက်မရှိကြောင်း ကြေညာထားတဲ့ ရေသန့်အမှတ်တံဆိပ်တွေထဲမှာ ရန်ကုန်မြို့ ထုတ် ရေသန့်တွေဖြစ်တဲ့ ပစ်တိုင်းထောင်၊ MT၊ နှင်းပန်း၊ လမင်းစံ၊ Boon၊ ရွှေငါး၊ မြမြင့်မိုရ်၊ သီတာဇော်၊ Min Min မင်းမင်း၊ အောင်သန်းထိုက်နဲ့ မိုးကြယ် Moe Star တံဆိပ်တွေပါဝင်သလို မန္တလေးမြို့ထုတ်  DRAGON၊ ဧရာဦး၊ Shwe Myanmar၊ နဒီ၊ ဆန္ဒပြည့်၊ Skyline၊ CLEAN၊ Good Luckနဲ့ လမင်းသာ အမှတ်တံဆိပ်တွေနဲ့ နေရပ်လိပ်စာမဖော်ပြဘဲ ဖြန့်ဖြူးရောင်းချနေတဲ့    Geo-Aqua နဲ့ Y2K တံဆိပ်ရေသန့် တွေလည်း ပါဝင်ပါတယ်။

ဈေးကွက်ထောက်လှမ်းစိစစ်ချက်အရ အဆိုပါ သောက်ရေသန့်တွေဟာ အစားသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနမှ အရည်အသွေးစိစစ် ထောက်ခံတဲ့ သောက်ရေသန့်တွေ မဟုတ်ကြောင်းနဲ့ သောက်ရေသန့် သတ်မှတ်ချက်နဲ့ ကိုက်မှုမရှိဘူးလို့ ဆိုပါတယ်။

သောက်ရေသန့် ထုတ်လုပ်ဖို့ ထောက်ခံချက်မရှိဘဲ ဆက်လက်ထုတ်လုပ် ဖြန့်ဖြူးရောင်းချ ကြောင်း စိစစ်တွေ့ရှိရရင် အမျိုးသား အစားသောက် ဥပဒေအရ အရေးယူသွားမယ်လို့ လည်း ကျန်းမာရေးဌာနက အသိပေးထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013