DVB Logo
Home
မြန်မာသတင်း
နိုင်ငံအကြီးအကဲ တာဝန်လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီဖွဲ့စည်း
DVB
·
December 11, 2015
နိုင်ငံအကြီးအကဲ တာဝန်လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီဖွဲ့စည်း
Donate to DVB

သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲရလဒ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက် အစိုးရဘက်က နိုင်ငံတော် အကြီးအကဲ တာဝန်လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီကို ဖွဲ့စည်းလိုက်တယ်လို့ အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

ဒီကော်မတီမှာ  ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ဥက္ကဋ္ဌအဖြစ်ခေါင်းဆောင် တာဝန်ယူမှာဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊  သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒု-ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်းနဲ့  သမ္မတရုံး  ညွှန်ကြားရေးမှူး  ဦးဇော်ဌေးတို့ ပါဝင်တယ်လို့ဆိုပါတယ်။

အဆိုပါအထောက်အကူပြုကော်မတီနဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း  အသွင်ကူးပြောင်းရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။

အသွင်းကူးပြောင်းရေးအဖွဲ့မှာ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်၊ ဒေါက်တာ မျိုးအောင်နဲ့  ရန်ကုန်တက္ကသိုလ် အငြိမ်းစားပါမောက္ခချုပ်  ဒေါက်တာ အောင်သူတို့ ပါဝင်ပြီး ရှေ့သီတင်းပတ်မှာ တာဝန်လွှဲပြောင်းရေး လုပ်ငန်းတွေ စတင်ဖို့ရှိနေပါတယ်။

အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က “ကျနော်ရယ်၊ ဒေါက်တာအောင်သူရယ်၊ ဒေါက်တာမျိုးအောင်ပါတယ်၊ နောက်ထပ် လွှတ်တော်ကိုယ်စားလှယ်တွေထဲကပဲ အထောက်အကူအပြုအဖွဲ့ဆိုတာရှိပါတယ်။  အဲဒါကတော့ အဖွဲ့ဝင်အရေအတွက် လိုရင်လိုသလောက် ချဲ့ရမှာပါ။ အလွှဲအပြောင်းဆိုတော့ ကျနော်တို့က လက်ခံမယ်။ ဟိုပုဂ္ဂိုလ်တွေက လွှဲမယ်၊ လွှဲတဲ့အခါမှာ ဘယ်လိုပုံစံနဲ့လွှဲမလဲ စာရွက်စာတမ်းတွေလား၊ လုပ်ငန်းတွေလား အဲဒါတွေ ကျနော်တို့ စီစဉ်ရမှာပေါ့။ လုပ်ငန်းတွေ နောက်တပတ်က စပါမယ်” လို့ ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီဇင်ဘာ ၂ ရက်က နေပြည်တော်မှာတွေ့ဆုံပြီး ရွေးကောက်ပွဲရလဒ် အကောင်အထည်ဖော်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး အခြေခံပြီး တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။

ဒီဆွေးနွေးပွဲမှာ အစိုးရသစ်ကို အေးချမ်းတည်ငြိမ်ချောမွေ့စွာ တာဝန်လွှဲပြောင်းနိုင်ရေး၊ မြန်မာနိုင်ငံမှာ အရင်ကအစဉ်အလာမရှိတဲ့ နိုင်ငံတော်အကြီးအကဲတာဝန် စနစ်တကျ လွှဲပြောင်းပေးတဲ့ အစဉ်အလာကောင်း ထူထောင်ရေးတွေ ဆွေးနွေးသဘော တူညီမှုရရှိခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013