DVB Logo
Home
မြန်မာသတင်း
ရွှေတူးဖော်မှုကြောင့် ဗန်းမောက်မြို့နယ် ကျေးရွာအချို့ လယ်မြေများ ပျက်စီးဆုံးရှုံးလာ
DVB
·
December 11, 2015
ရွှေတူးဖော်မှုကြောင့် ဗန်းမောက်မြို့နယ် ကျေးရွာအချို့ လယ်မြေများ ပျက်စီးဆုံးရှုံးလာ
1 / 3
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် မံဝိန်းကြီး ကျေးရွာနဲ့ နှောင်ပတ်ကျေးရွာတို့က လယ်မြေတွေမှာ တရားမဝင် ရွှေတူးဖော်ရှာ ဖွေမှုတွေ များပြားလာ တဲ့အတွက် စိုက်ပျိုး လယ်ယာမြေတွေ ပျက်စီးဆုံးရှုံးနေပါတယ်။

ဘက်ဟိုးကား စက်ယန္တရား ကြီးတွေနဲ့ နေ့စဉ် မြေလှန်တူးဖော် ရှာဖွေနေတာ ရှိသလို မှုန်စုပ်စက်တွေနဲ့လည်း ရွှေမျောတွေ တိုက်စားလာတဲ့အတွက် ချိုင့်ဝှမ်း ချိုင့်ခွက်တွေ ဖြစ်ပေါ်လာပြီး လယ်ယာ မြေတွေ ပျက်စီးဆုံးရှုံးမှုတွေအပြင် ရွာကိုပါ ရွှေ့ပြောင်း ရတော့မယ့် အနေအထား ဖြစ်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။

အရင်က လယ်မြေ ၁ ဧကကို (၃၀) ဝန်းကျင်လောက်သာ ပေါက်ဈေးရှိခဲ့ပေမယ့် အခုခါမှာတော့ တရားမဝင်ရွှေလုပ်ကွက်တွေကြာင့် ၁ ဧကကို ၂၀၀ ဝန်းကျင်လောက်အထိ ဈေးကောင်းပေးဝယ်ယူမှုတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

အခုအခါ ရွှေလုပ်ကွက်တွေကြောင့် စပါးစိုက် လယ်မြေဧက လျှော့နည်းလာပြီး စပါး စိုက်ပျိုးသူတွေလည်း လျော့နည်းသွားပြီလို့ သိရပါတယ်။

အခုလို တရားမဝင်ရွှေတူးဖော်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးလာပြီ ဖြစ်လို့ တာဝန်ရှိသူတွေအနေနဲ့  ဖြေရှင်းပေးဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ရွှေတူးဖော်မှုကြောင့် ဗန်းမောက်မြို့နယ် ကျေးရွာအချို့ လယ်မြေများ ပျက်စီးဆုံးရှုံးလာ