DVB Logo
Home
မြန်မာသတင်း
မြန်မာငါးဖမ်းရေလုပ်သား ၉၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်ရေတပ် ဖမ်းဆီး
DVB
·
December 10, 2015
မြန်မာငါးဖမ်းရေလုပ်သား ၉၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်ရေတပ် ဖမ်းဆီး
Donate to DVB

ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ထဲ တရားမ၀င် ငါးဝင်ဖမ်းတဲ့ မြန်မာငါးဖမ်းလှေ ၁၂ စီးနဲ့ ငါးဖမ်းရေလုပ်သား ၉၂ ဦးကို ဘင်္ဂလားဒေ့ရှ်ရေတပ်က ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ရိုက်တာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ ဒီဇင်ဘာ ၈ ရက်က ရေတပ်က ဘင်္ဂလားပင်လယ်အော်တွင်း ကင်းလှည့်စဉ် မြန်မာနယ်စပ် ကော့ဇ်ဘဇားခရိုင် စိန့်မာတင်ကျွန်းအနီး ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ထဲမှာ ဖမ်းမိတာဖြစ်ပြီး ရဲကိုလွှဲပြောင်းပေးလိုက်ပြီလို့ ဒေသဆိုင်ရာ ဘင်္ဂလားဒေ့ရှ် ရဲအရာရှိတဦးက သတင်းမှာ ပြောပါတယ်။

မြန်မာရေလုပ်သားတွေ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရ ပြောခွင့်ရသူ ဦးလှသိန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာတော့ အပြင်က ပြောဆိုမှုတွေ ရှိပေမယ့် တကယ်ဟုတ်မဟုတ် ပြည်ထောင်စုအစိုးရက အတည်ပြုမှသာ သိနိုင်မယ်လို့ ပြောပါတယ်။

“ကျနော်တို့ ပြည်နယ်အစိုးရက နိုင်ငံခြားနဲ့ သီးခြားဆက်သွယ်လို့မရဘူး။ ဆက်သွယ်မယ်ဆိုရင်တော့ ပြည်ထောင်စုအစိုးရနဲ့ပဲ ဆက်သွယ်ပြီး ဆောင်ရွက်လို့ရမယ်။ ဆိုတော့ သူတို့ကလည်း ကျနော်တို့ကို မပြောဘူး။ တရားဝင်တော့မသိဘူး။ မနေ့ကလည်း တယောက်က ပြောတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က ဖမ်းထားတဲ့အကြောင်း ပြောတယ်။ ဒါပေမယ့် ဒါက သူတို့ပြောတဲ့အပိုင်းပေါ့။ တကယ်ဟုတ်မဟုတ် ဆိုတာကတော့ နိုင်ငံတော်အပိုင်းကပဲ သိမယ်။ နိုင်ငံတော်အပိုင်းက သိမယ်ဆိုတာက သူတို့က ဆက်သွယ်မှပေါ့။”

ဒါကာမြို့အခြေစိုက် ဒေးလီးစတား ဘင်္ဂလားဒေ့ရှ် သတင်းမှာတော့  စိန့်မာတင်ကျွန်းအနား ဖမ်းမိခဲ့တဲ့ မြန်မာနိုင်ငံသား ရေလုပ်သားအရေအတွက် ၉၉ ဦးရှိပြီး တက်ကနက်ဖ် ကမ်းရိုးတန်းကို ခေါ်ဆောင်သွားကာ ရဲကိုလွှဲပေးမှာဖြစ်တယ်လို့  ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013