DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်မှူးကြီးဟောင်းနှင့် တွေ့ဆုံခဲ့မှု ကြီးမားသည့်အကျိုးရရှိဟု ဒေါ်စု ပြော
DVB
·
December 10, 2015
ဗိုလ်ချုပ်မှူးကြီးဟောင်းနှင့် တွေ့ဆုံခဲ့မှု ကြီးမားသည့်အကျိုးရရှိဟု ဒေါ်စု ပြော
Donate to DVB

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ တွေ့ဆုံပွဲမှာ 'နိုင်ငံအကျိုးအတွက် သဘောတူညီမှု ယူနိုင်တယ်’ လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အာအက်ဖ်အေသတင်းဌာနနဲ့ အပတ်စဉ် မေးမြန်းခန်းမှာ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာ ၄ ရက်နေ့ တွေ့ဆုံမှုကနေ ကြီးမားတဲ့အကျိုး ရရှိခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပေမယ့် အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။

ဒါဟာ  နေပြည်တော်က ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ နေအိမ်မှာ ၂ နာရီခွဲကြာ တွေ့ဆုံအပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်က ပထမဆုံး ထုတ်ဖော်ပြောဆိုတာ ဖြစ်ပါတယ်။

ဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့ အန်အယ်လ်ဒီက တရားဝင် သဘောတူညီချက် ထုတ်ပြန်တာ မရှိပေမယ့် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ မြေးဖြစ်သူ ကိုနေရွှေသွေးအောင်က နှစ်ဘက် သဘောတူညီချက်အရ ဆိုပြီး ဒီဇင်ဘာ ၅ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ကနေ သတင်းထုတ်ပြန်ချက်မှာ စစ်အစိုးရ အကြီးအကဲဖြစ်ခဲ့တဲ့ ဦးသန်းရွှေက ရွေးကောက်ပွဲအနိုင်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အနာဂတ် နိုင်ငံခေါင်းဆောင်အဖြစ် ထောက်ခံတဲ့အကြောင်းနဲ့ တိုင်းပြည်အကျိုးအတွက် ဆောင်ရွက်တဲ့နေရာမှာ 'တတ်နိုင်သည့်ဘက်မှ အစွမ်းကုန် ပံ့ပိုးကူညီမည်' ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013