DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် ပထမဆုံး စတော့အိပ်ချိန်း ဖွင့်လှစ်
DVB
·
December 9, 2015
မြန်မာနိုင်ငံတွင် ပထမဆုံး စတော့အိပ်ချိန်း ဖွင့်လှစ်
Donate to DVB

မြန်မာနိုင်ငံမှာ ပထမဆုံးဖြစ်တဲ့ ရန်ကုန်စတော့အိပ်ချိန်း (YSX) ကို ဆူးလေဘုရားလမ်းနဲ့ ကုန်လည်လမ်းထောင့်ရှိ အရင် မြ၀တီဘဏ်ရုံးချုပ်ဟောင်းနေရာမှာ ဒီဇင်ဘာ ၉ ရက်နေ့က စတင်ဖွင့်လှစ်လိုက်ပါတယ်။

စတော့အိပ်ချိန်းမှာ မှတ်ပုံတင်ပြီး အစုရှယ်ယာတွေ ရောင်းချခွင့်ရမယ့်  အများပိုင်ကုမ္ပဏီ ၅ ခု စာရင်းနဲ့ ကုမ္ပဏီ တခုချင်းစီအလိုက်ရဲ့ ရှယ်ယာတွေ စတင်ထုတ်ရောင်းမယ့် နေ့ရက်တွေကို သတ်မှတ်ကြေညာဖို့ ရှိပါတယ်။

ရန်ကုန်စတော့အိပ်ချိန်းကို မူလက နိုဝင်ဘာလမှာ ဖွင့်လှစ်ဖို့ ရည်ရွယ်ခဲ့ပေမယ့် ရွေးကောက်ပွဲနဲ့ တိုက်ဆိုင်နေတာကြောင့် ခုလို ဒီဇင်ဘာလ ပထမပတ်မှ ဖွင့်လှစ်ဖို့ ရွှေ့ဆိုင်းထားခဲ့ရတာ ဖြစ်ပါတယ်။

ရန်ကုန်စတော့အိပ်ချိန်း လည်ပတ်နိုင်ဖို့ ဂျပန်စတော့အိပ်ချိန်းနဲ့ ဒိုင်ဝါ စတော့အိပ်ချိန်း ကုမ္ပဏီတွေက ကူညီဆောင်ရွက်ပေးနေပြီး ၄၉ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထားပါတယ်။

ကျန်တဲ့ ၅၁ ရာခိုင်နှုန်းကို ရင်းနှီးမြှုပ်နှံထားတဲ့ မြန်မာ့စီးပွားရေးဘဏ်ဟာ အမေရိကန်နိုင်ငံရဲ့ စီးပွားရေး ပိတ်ပင်ခံထားရတဲ့အထဲမှာ ပါဝင်နေပါတယ်။

ဒါကြောင့် အမေရိကန်နိုင်ငံက စိတ်ဝင်စားတဲ့ စီးပွားရေး ကုမ္ပဏီတွေ၊ ငွေကြေး အဖွဲ့အစည်းတွေအတွက် ပြဿနာ ရှိနိုင်ပါတယ်။

ဘဏ္ဍာရေးဒု-၀န်ကြီးကတော့ ဒီဥပဒေတွေဟာ ဖြေလျော့သွားမယ်လို့ ယုံကြည်ပြီး လောလောဆယ် အကောင်းဆုံး အများပိုင်ကုမ္ပဏီ ၁၀ ခုကို ရွေးချယ်ထားတယ်လို့ ပြောဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013