DVB Logo
Home
မြန်မာသတင်း
ဂိတ်ကြေး မတရားကောက်ခံမှုကြောင့် ကြံကားများ ရပ်တန့်ဆန္ဒပြ
DVB
·
December 9, 2015
ဂိတ်ကြေး မတရားကောက်ခံမှုကြောင့် ကြံကားများ ရပ်တန့်ဆန္ဒပြ
1 / 2
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအနီးရှိ ငါးအိုးတံတားငယ်တခုက နေ့စဉ် ကြံကားတွေ ဖြက်သန်းမောင်းနှင်သွားလာခ မတရားကောက်ခံမှုကြောင့် ကားကြီးတွေ ရပ်တန့် ဆန္ဒပြနေကြပါတယ်။

ကားကြီးတစီးကို တနေ့ ၃ သောင်းကျပ်၊ ကားလတ်ကို ၂၃၀၀၀ ကျပ်၊ ကားငယ်ကို ၁၈၀၀၀ ကျပ်အဖြစ် နေ့စဉ်ကောက်ခံနေတာကြောင့် ဒေသခံ ကြံကားသမားတွေက လျှော့ပေါ့ကောက်ပေးဖို့ ညှိနှိုင်းခဲ့ပေမယ့် မရလို့ အချိန်မီပို့ဆောင်ရမယ့် ဂရိတ်ဝေါဝေမာသကြားစက်ရုံရဲ့ ကုန်ကြမ်း ကြံတွေကို မပို့ဘဲ ကားအစီး ၁၂၀ လောက် ဆန္ဒပြနေကြတာပါ။

တနေ့လျှင် ကားတစီးကို မိုင် ၄၀ အတွင်း ဂိတ် ၂ ခုအတွက် ၅ သောင်းကျပ်တိတိ ပေးနေရတယ်လို့ ကားသမားတွေက ပြောပါတယ်။

သကြားစက်ရုံကလည်း တံတားကြေးတာဝန်မယူတာကြောင့် ကြံစိုက်တောင်သူတွေရဲ့ ကားကို လျှော့ချကောက်ယူပေးဖို့ ဂိတ်တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းခဲ့ပေမယ့် မရတာကြောင့် အခုလို လမ်းပေါ်မှာပိတ်ပြီး ကားတွေ ရပ်တန့်ဆန္ဒပြနေတာလို့ ဆိုပါတယ်။

“ကျနော်တို့ ငါးအိုးကျေးရွာ ကြံစိုက်ကွင်း တနေ့ ကား ၁၂၀ အထိ ဖြတ်သန်း မောင်းနှင်ရတာ ဖြစ်ပါတယ်။ တခြားနေရာ ကြံစိုက်ခင်းတွေအပါဆို ၃၀၀ လောက်အထိ ရှိပါတယ်။ ကြံစိုက်တောင်သူတွေအနေနဲ့ ထီးချိုင့်မြို့နယ် မောင်းကုန်မှာရှိတဲ့ ဂရိတ်ဝေါ သကြားစက်ရုံအတွက် ကုန်ကြမ်းအဖြစ်ပို့တာ၊ တံတားကြေးက တခေါက်ဆိုရင် အနည်းဆုံး ၃ သောင်းခွဲ ပေးရတယ်။ မြတောင်ဂိတ်က ၁၂၀၀၀၊ အပြန် ၃၆၀၀ ပေးရတယ်။ တရားမဝင်ကုန်ပစ္စည်းလည်း မဟုတ်ဘူး” လို့ ကားသမားတဦးက ပြောပါတယ်။

ဒေသခံ ကြံစိုက်တောင်သူတဦးကလည်း “ဒီလမ်းက ဒေသဖွံ့ဖြိုးရေးလမ်းက ဒေသဖွံ့ဖြိုးရေးအတွက် ဖြစ်မလာဘဲနဲ့ ဒေသက လူထုကို ဒုက္ခလာပေးပြီး မြန်မာနိုင်ငံရဲ့ အမြင့်ဆုံးကောက်ခံတဲ့ ငွေကြေးတံတားတခုဖြစ်လာတယ်။ ကျနော်တို့ ဒေသခံတောင်သူတွေက ဆင်းရဲသားတွေဖြစ်ပါတယ်။ ကျနော်တို့က ပြည်ပကို ပို့နေတာလည်း မဟုတ်ဘူး၊ နိုင်ငံခြားကို ပို့နေတာလည်း မဟုတ်ဘူး၊ မြို့နယ်ကူးပြီး ပို့နေတာလည်းမဟုတ်ဘူး၊ ကျနော်တို့ကုန်က အရောင်းအ၀ယ်ကုန်လည်း မဟုတ်ဘူး။ ဒေသက ဆင်းရဲတဲ့တောင်သူတွေ မြေပေါ်လက်ယက်ပြီး လုပ်စားတဲ့ သီးနှံကို ရောင်းဝယ်တဲ့ ကုမ္ပဏီဌာနကို ကုန်ကြမ်းသယ်ယူပို့ဆောင်ပေးတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

သတင်းဓာတ်ပုံ - Yelin Aung

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013