DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်း​ဒေသကြီး​အစိုး​ရ ဆန်တင်သွင်း​ခွင့်​ပိတ်ပင်
DVB
·
July 13, 2011
တနင်္သာရီတိုင်း​ဒေသကြီး​အစိုး​ရ ဆန်တင်သွင်း​ခွင့်​ပိတ်ပင်
Donate to DVB

သမ္မတအစိုး​ရအဖွဲ့​ရဲ့​ ​ဒေသဆိုင်ရာ အစိုး​ရအဖွဲ့​တွေထဲက တနင်္သာရီတိုင်း​ဒေသကြီး​အစိုး​ရ အဖွဲ့​က ​ဒေသတွင်း​ ဆန်တွင်သွင်း​ခွင့်​တွေကို ထား​ဝယ်၊​ ​ကော့​သောင်း​အပါအဝင် မြို့​အချို့​မှာ ပိတ်ပင်လိုက်ပါတယ်။

တိုင်း​ဒေသကြီး​အစိုး​ရက ဒီလ ၆ ရက်​နေ့​မှာ ဆန်ကုန်သည်​တွေကို ​ခေါ်ယူပြီး​ တင်သွင်း​ခွင့်​မရှိ​ကြောင်း​နဲ့​ ​အောင်မြင်သူကုမ္ပဏီတခုတည်း​ပဲ တင်သွင်း​ခွင့်​ရှိ​ကြောင်း​ တကယ်လို့​ တင်သွင်း​ခဲ့​မယ်ဆိုရင် ဆန်အပါအဝင် သယ်​ဆောင်လာတဲ့​ ယာဉ်ပါ အ​ရေး​ယူခံရမယ်လို့​ တိုင်း​ဒေသကြီး​အစိုး​ရ ဝန်ကြီး​ချုပ် ဦး​ခင်​ဇော်ကိုယ်တိုင် ထုတ်ပြန်​ကြေညာလိုက်တာ ဖြစ်ပါတယ်။

ထား​ဝယ်မြို့​ ဆန်ကုန်သည်တဦး​က အခုလို “အဲဒီအစည်း​အ​ဝေး​ခန်း​ထဲမှာ သူတို့​ပြောတဲ့​ ကုန်သည်များ​အ​နေနဲ့​တော့​ တိုက်ရိုက်ဝယ်ယူခွင့်​ မရှိဘူး​။ ​အောင်မြင်သူကုမ္ပဏီထံမှ လက်ငင်း​စနစ်ဖြင့်​ ဝယ်ယူရမည်ဖြစ်​ကြောင်း​ အဲလို​ပြောတယ်။ ​နောက်ပြီး​တော့​ ဆန်ကို လွတ်လပ်စွာ ​ရောင်း​ဝယ်ခွင့်​ရှိသည်ဆိုတာက ထား​ဝယ်မြို့​မှာ ကန့်​သတ်​ဒေသဖြစ်လို့​ ၎င်းခွင့်​ပြုချက်တွင် ထား​ဝယ်မြို့​မပါဝင်​ကြောင်း​ ကုမ္ပဏီမှ ​ရောင်း​ချမည့်​ ဆန်​ဈေး​နှုန်း​များ​ကိုလည်း​ ဝန်ကြီး​ဦး​ခင်​ဇော်မှ သတ်မှတ်​ပေး​မည်ဖြစ်​ကြောင်း​။ ​နောက်ပြီး​ တိုက်ရိုက်သယ်ယူမှုများ​ ရှိခဲ့​ပါက သက်ဆိုင်ရာ ဥပ​ဒေပုဒ်မများ​ဖြင့်​ ကုန်သည်များ​အား​ အ​ရေး​ယူမည်ဖြစ်​ကြောင်း​ တင်သွင်း​လာ​သော ဆန်များ​နှင့်​ ကား​များ​ကိုလည်း​ ဖမ်း​ဆီး​သိမ်း​ယူမည်ဖြစ်​ကြောင်း​၊​ ​ဒေသတွင်း​ ဆန်​ဈေး​နှုန်း​သက်သာရန် ရည်ရွယ်၍ ​အောင်မြင်သူ ကုမ္ပဏီတခုတည်း​ကိုသာ သယ်ယူခွင့်​ပြု​ကြောင်း​နှင့်​ ယခုအစည်း​အ​ဝေး​ ဆုံး​ဖြတ်ချက်များ​ကိုလည်း​ ​ဒေသစား​သုံး​သူများ​ ​ဈေး​နှုန်း​သက်သာစွာဖြင့်​ ဝယ်ယူစား​သုံး​နိုင်ရန် ရည်ရွယ်​ကြောင်း​ ပါရှိသည်။”

တိုင်း​ဒေသကြီး​အစိုး​ရက ​ဈေး​နှုန်း​သက်သာ​စေဖို့​လို့​ ဆို​ပေမယ့်​လည်း​ လက်ရှိအ​ခြေအ​နေမှာ​တော့​ သုံး​တင်း​ဝင် ဆန်တအိတ်ကို အမျိုး​အစား​အလိုက် ကုမ္ပဏီ​ရောင်း​ဈေး​က ငါး​ရာကျပ်ဝန်း​ကျင်​လောက် မြင့်​နေတယ်လို့​ ဆိုပါတယ်။

တိုင်း​ဒေသကြီး​အစိုး​ရအဖွဲ့​ရဲ့​ အာဏာသုံး​ အမိန့်​ထုတ်ပိတ်ပင်တဲ့​အ​ပေါ်ကိုလည်း​ အဲ့​ဒီဆန်ကုန်သည်ကပဲ အခုလို ​ပြောပါတယ်။

“ကုန်သည်​တွေကို ပြည်သူ​တွေ ​ဈေး​နှုန်း​သက်သာ​အောင်လို့​ ​ပြောတယ်။ ဒါ​ပေမယ့်​ သူတို့​အခု​ရောင်း​နေတဲ့​ ​ဈေး​နှုန်း​က​တော့​ ကျ​နော်တို့​မြို့​က ကုန်သည်​တွေ ​ရောင်း​တဲ့​ဈေး​နှုန်း​ထက် ၅၀၀ ​လောက် မြင့်​နေပါတယ်။ ​နောက်ပြီး​ အရည်အ​သွေး​ကလည်း​ မ​ကောင်း​ပါဘူး​။ အာဏာနဲ့​ ခြိမ်း​ခြောက်​နေတယ်လို့​ ထင်တယ်။ သူတို့​ ​အောင်မြင်သူ ကုမ္ပဏီနဲ့​ ပူး​ပေါင်း​ပြီး​တော့​ ကျ​နော်တို့​ကို ခြိမ်း​ခြောက်တယ်လို့​ ထင်တယ်။ ကျ​နော်တို့​ လိုချင်တဲ့​ပုံစံက သူတို့​လည်း​ချ ရပါတယ်။ ကျ​နော်တို့​လည်း​ လွတ်လပ်စွာသယ်ယူ​ရောင်း​ချခွင့်​ ​ပေး​တာလိုချင်ပါတယ်။ အခုက နည်း​လမ်း​ကျတဲ့​ နည်း​စနစ်နဲ့​ ကျ​နော်တို့​ကို ​ဖော်ပြ​ပေး​ပေါ့​နော်။ ကျ​နော်တို့​ကို မ​ရောင်း​ချရဘူး​။ မလုပ်ရဘူး​။ ​နောက်ပြီး​ထိမယ်ဆိုပြီး​ အဲလိုပုံစံမျိုး​နဲ့​တော့​ ကျ​နော်တို့​ လက်မခံချင်ပါဘူး​။ ကျ​နော်တို့​ဘက်ကလည်း​ နည်း​လမ်း​ကျကျ ​ရောင်း​ချချင်ပါတယ်။”

သမ္မသစ်ဖြစ်လာတဲ့​ ဦး​သိန်း​စိန်က​တော့​ သူ့​ရဲ့​ မိန့်​ခွန်း​တွေထဲမှာ စီး​ပွား​ရေး​နဲ့​ပတ်သက်ပြီး​ ​ဈေး​ကွက်စီး​ပွား​ရေး​ကရလာတဲ့​ အကျိုး​စီး​ပွား​တွေကို အ​ခြေခံ လူတန်း​စား​ ​အောက်​ခြေအဆင့်​ အထိပျံ့​နှံ့​စေရမယ်၊​ လက်ဝါး​ကြီး​အုပ် စနစ်မဖြစ်​အောင် အစိုး​ရက အတိုင်း​အတာ တခုအထိ ထိန်း​ပေး​မှာ ဖြစ်​ပေမယ့်​ တတ်နိုင်သမျှ ဝင်​ရောက် စွက်ဖတ်မှု၊​ ထိန်း​ချုပ်မှု အနည်း​ဆုံး​ ဖြစ်​အောင် ​ဆောင်ရွက်မယ်လို့​ ​ပြောကြား​ထား​ပေမယ့်​ အစိုး​ရအဖွဲ့​သစ်ရဲ့​ တိုင်း​ဒေသကြီး​အစိုး​ရတခုက အခုလို လုပ်​ဆောင်လိုက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013