DVB Logo
Home
မြန်မာသတင်း
နှိပ်စက်ခံရသည့် မိန်းကလေးငယ်အမှု ဗဟန်းတရားရုံးတွင် စစ်ဆေးမည်
DVB
·
December 7, 2015
နှိပ်စက်ခံရသည့် မိန်းကလေးငယ်အမှု ဗဟန်းတရားရုံးတွင် စစ်ဆေးမည်
Donate to DVB

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကျော်နုမော်ရဲ့ နေအိမ်မှာ အသက် ၈ နှစ်အရွယ် မိန်းကလေးငယ် နှိပ်စက်ခံရတဲ့အမှုကို ဗဟန်းတရားရုံးမှာ ဒီနေ့ ဒီဇင်ဘာ ၇ ရက်နေ့မှာ စစ်ဆေးပါမယ်။

နိုဝင်ဘာ ၁၉ ရက်နေ့က နှိပ်စက်ခံရတဲ့ မိန်းကလေးငယ်ကို အိမ်ဝင်းထဲမှာ အ၀တ်မပါ ကြိုးတုပ်ထားတဲ့ဓာတ်ပုံ လူမှုကွန်ရက် မီဒီယာမှာ ပျံ့နှံ့သွားတဲ့နောက် ဟိုးလေးတကျော်အမှု ဖြစ်လာတာပါ။

ရဲအဖွဲ့ရဲ့ ကနဦး သတင်းထုတ်ပြန်ချက်အရ အသက် ၈ နှစ်အရွယ် ကလေးငယ်က ထမင်းအိုးအတွင်းကို လက်မဆေးဘဲ နှိုက်ခဲ့တာကြောင့် အိမ်အကူ မသန်းသန်းဝေက ရိုက်နှက်ဆုံးမပြီး မီးဖိုခန်းနဲ့ နေအိမ်ရှေ့တို့မှာ အ၀တ်ဗလာနဲ့ ကြိုးတုပ် ဒဏ်ပေးခဲ့တယ် လို့ ဆိုပါတယ်။

ဝါးခြမ်းပြားနဲ့ အရိုက်ခံရ၊ ကြိုးတုပ်ခံ၊ နေပူလှန်းခံခဲ့ရတာကြောင့် ကလေးရဲ့မျက်နှာ၊ လက်၊ ရင်ဘတ်၊ ကျောပြင်၊ ပေါင် နှစ်ဘက်စလုံးမှာ ပွန်းခြစ်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

နှိပ်စက်ခံရတဲ့ ကလေးငယ်ရဲ့ ဖခင်ဟာ တနင်္သာရီတိုင်းဒေသကြီး စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းက တပ်သားတဦးဖြစ်ပြီး လွန်ခဲ့တဲ့ ၂ လက ဗိုလ်မှူးကျော်နုမော်တို့ မိသားစုက ငွေ ၁၀ သိန်း ထောက်ပံ့ပြီး ကလေးကို ခေါ်ယူခဲ့တယ်လို့ ဆိုပါတယ်။

ဒီအမှုမှာ ကလေးကို ရိုက်နှက် ကြိုးချည်ခဲ့တဲ့ အိမ်အကူ ဒေါ်သန်းနွဲ့ကို အမှုဖွင့် တရားစွဲထားတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013