DVB Logo
Home
မြန်မာသတင်း
ဗန်းမော်-မန်း ကားပေါ်တွင် ကျွန်းသစ်ခွဲသားများ ဖမ်းဆီးရမိ
DVB
·
December 7, 2015
ဗန်းမော်-မန်း ကားပေါ်တွင် ကျွန်းသစ်ခွဲသားများ ဖမ်းဆီးရမိ
1 / 6
Donate to DVB

ဗန်းမော်မြို့ကနေ မန္တလေးဘက်ကိုလာတဲ့ ဗန်းမော်-မန်း လိုင်းကားပေါ် တင်ဆောင်လာတဲ့ တရားမဝင် သစ်ခွဲသားတွေကို ဒီဇင်ဘာ ၅ ရက် ည ၈း၀၀ နာရီက အမှတ် ၃ ခရိုင်ချင်းဆက်ကားလမ်း မိုင်တိုင်အမှတ် (၃/၂) စကျင်ကျေးရွာအနီးမှာ ဖမ်းဆီးရမိခဲ့ပါတယ်။

စစ်ကိုင်းခရိုင် သစ်တောဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနနဲ့ စစ်ကိုင်းမြို့ အမှတ် ၂ ရဲစခန်းက ရဲအုပ် မင်းလွင်ထွန်းတို့ ပူးပေါင်းအဖွဲ့ဟာ ဗန်းမော်မြို့က မန္တလေးကို မောင်းနှင်လာတဲ့ ယာဉ်အမှတ် ၁ခ/၉၂၂၅ ဖူဆိုကားကို စကျင်ရွာအနီး လမ်းအသုံးပြုခ ကောက်ခံရေးစခန်းမှာ သတင်းအရရှာဖွေရာ ကျွန်းခွဲသား ၁၇၉ ချောင်း၊ (၃ ဒသမ ၃၀၀၄) တန် ဖမ်းဆီးရမိခဲ့တာပါ။

မြန်မာပြည်တဝှမ်း ကျွန်းသစ်တွေ ရှားပါးလာပြီး ကျွန်းသစ်ခွဲသား ဈေးကလည်း မြင့်လာတဲ့အတွက် တရားမဝင် သစ်ခွဲသား ရောင်းဝယ်သူတွေအနေနဲ့ သက်ဆိုင်ရာ သစ်တောဦးစီးဌာနရဲ့ ခွင့်ပြုချက်မပါဘဲ အဝေးပြေးလိုင်းကားတွေနဲ့ သယ်ယူပို့ဆောင်နေကြတာပါ။

ယာဉ်ပေါ်လိုက်ပါလာသူ ဗန်းမော်မြို့ ခွန်သာရပ်ကွက်နေ ဦးမျိုးမင်းထွန်းနဲ့ ဇနီး ဒေါ်သီတာခင်တို့ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်မေးရာမှာတော့ ငြင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

ကျွန်းသစ်ခွဲသားတွေကို တရားမ၀င် လျှို့ဝှက်သယ်ဆောင်လာတာကြောင့် ယာဉ်မောင်း ဦးအေးမင်းနဲ့ ယာဉ်ပေါ်လိုက်ပါလာသူ သုံးဦးကို ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ (၆/၁) နဲ့ အရေးယူ ဆောင်ရွက်ထားတယ်လို့ စစ်ကိုင်းမြို့ အမှတ် ၂ မြို့မ ရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

သတင်းဓာတ်ပုံ - သီဟဆွေ (ကသာ)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013