DVB Logo
Home
မြန်မာသတင်း
အမေရိကန်က မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းပေးရန် ပြင်ဆင်နေဟုဆို
DVB
·
December 5, 2015
အမေရိကန်က မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းပေးရန် ပြင်ဆင်နေဟုဆို
Donate to DVB

အမေရိကန် ဘဏ္ဍာရေးဌာနက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့ထားတာတွေကို ရုပ်သိမ်ပေးဖို့ ပြင်ဆင်နေတယ်လို့ bloomberg စီးပွားရေး သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

စစ်တပ်နဲ့ ဆက်စပ်နေတယ်လို့ သတ်မှတ်ထားကြတဲ့ အေးရှားဝေါ Asia World ကုမ္ပဏီပိုင် ရန်ကုန်ဆိပ်ကမ်းကို အမေရိကန်ကုမ္ပဏီတွေ အသုံးပြုလို့ လွယ်အောင် ဘဏ္ဍာရေး ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးတော့မယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

အေးရှားဝေါ ကုမ္ပဏီကို စတီဗင်လောက ပိုင်ဆိုင်ပြီး အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှု စာရင်းမှာ ၂၀၁၀ က စလို့ ပါဝင်နေခဲ့တာပါ။

စတီဗင်လောရဲ့  ဖခင်ကတော့ ၁၉၇၀ ပြည့်လွန်နှစ်တွေက ဘိန်းဘုရင်လို့ သိကြတဲ့ လောစစ်ဟန်ပါ။ ၂၀၁၃ ခုနှစ်မှာ လောစစ်ဟန်ကွယ်လွန်ခဲ့ပါတယ်။

အေးရှားဝေါ ကုမ္ပဏီရဲ့ ကိုယ်စားလှယ်တွေကတော့ သူတို့လုပ်ငန်းတွေကို စစ်တပ်ကရော၊ အစိုးရကပါ အခွင့်ထူးပေးတာ မရှိခဲ့ဘူးဆိုပြီး ဝေါစထရိ ဂျာနယ်ကို ဖြေဆိုထားပါတယ်။

အခုနောက်ပိုင်း မြန်မာနဲ့ အမေရိကန် ဆက်ဆံရေး နွေးထွေးလာတာနဲ့အတူ အမေရိကန်စီးပွားရေး အသိုင်းအ၀ိုင်းကလည်း ဖိအားပေးတဲ့အတွက် ဘဏ္ဍာရေးဌာန လက်အောက်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ထိန်းချုပ်ရေးရုံးက  အထွေထွေ လိုင်စင်ကို ထုတ်ပေးဖို့ ရှိတယ်လို့ bloomberg စီးပွားရေး သတင်းမှာ ရေးပါတယ်။

အဲဒီ လိုင်စင်အရ အမေရိကန်စီးပွားရေး လုပ်ငန်းတွေ၊ ဘဏ်တွေဟာ အေးရှားဝေါ ဆိပ်ကမ်း အသုံးပြုမှုအတွက် ငွေပေးချေနိုင်တော့မယ် ဆိုပါတယ်။

ဒီလို ဖြေလျှော့မှုတွေကို လုပ်ဖို့ ဥပဒေကြောင်းအရ ပြင်ဆင်ဖို့ မလိုအပ်ပေမယ့် ဘဏ္ဍာရေး ၀န်ကြီးဌာနနဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနတို့က လွှတ်တော်ရေးရာ အရာရှိတွေကို ဒီတပတ်ထဲမှာ ရှင်းပြခဲ့တယ်လို့ သတင်းက ဆိုပါတယ်။

ဒီလို အလျင်အမြန် ဆုံးဖြတ်လိုက်တာဟာ ပြုပြင်ပြောင်းလဲမှုတွေ အများကြီးလုပ်ဖို့ လိုအပ်နေသေးတဲ့ မြန်မာအစိုးရကို မှားယွင်းအချက်ပြမှုဖြစ်မှာကို တချို့အမတ်တွေက စိုးရိမ်နေတယ်လို့လည်း သတင်းမှာ ဆက်လက်ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013