DVB Logo
Home
မြန်မာသတင်း
သမိုင်းတွင် အမည်းစက်ထင်ကျန်မည်ကို စိုးရိမ်ခဲ့ဟု ဦးတင်ဦးပြော (ရုပ်သံ)
DVB
·
December 5, 2015
သမိုင်းတွင် အမည်းစက်ထင်ကျန်မည်ကို စိုးရိမ်ခဲ့ဟု ဦးတင်ဦးပြော (ရုပ်သံ)
Donate to DVB

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဘ၀မှာ  နိုင်ငံတော် သစ္စာဖောက်မှုနဲ့ အရေးယူခံခဲ့ရတဲ့ သူရ ဦးတင်ဦးက သူ့သမိုင်းမှာ အမည်းစက်ထင်ကျန်ရစ်မှာကို  စိုးရိမ်ပူပန်ခဲ့ကြောင်း ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာ ၅ ရက်နေ့က ပျဉ်းမနားမြို့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ တွေ့ဆုံပွဲ သဘာပတိမိန့်ခွန်းမှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဘ၀မှာ  နိုင်ငံတော် သစ္စာဖောက်မှုနဲ့ အရေးယူ ခံခဲ့ရတဲ့ သူရ ဦးတင်ဦးက သူ့သမိုင်းမှာ အမည်းစက်ထင်ကျန်ရစ်မှာကို  စိုးရိမ်ပူပန်ခဲ့မိကြောင်း၊ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှု နောက်ကို လိုက်ရင်း သမိုင်းအမည်းစက်ကို ချေဖျက်ခွင့် ရရှိခဲ့တဲ့အတွက် အခုအချိန်မှာ သေပျော်ပြီလို့ ၀န်ခံပြောကြားသွားခဲ့ပါတယ်။

သူ့ဘ၀အတွေ့အကြုံကို သင်ခန်းစာယူပြီး ဘယ်လို နောက်ခံကလာတဲ့ လူမျိုး ဖြစ်ပါစေ၊  ဒီနေ့ အချိန်အခါမှာ လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖို့  အချိန်ကောင်းရောက်နေပြီလို့လည်း သူရ ဦးတင်ဦးက တိုက်တွန်းသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက်ပိုင်းက မန္တလေး၊ စစ်ကိုင်း၊ ကယား၊ ချင်းတို့က အနိုင်ရကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး နေ့လယ်ပိုင်းမှာတော့ မကွေး၊ ရှမ်း၊ ကချင်၊ နာဂ၊ ဓနု၊ အင်းသား၊ ပလောင်တို့က အနိုင်ရကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013